နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆွစ်ဇာလန်အသင်းကို သရေကျခဲ့ပြီး ရှုံးပွဲမရှိ စံချိန်တင်ခဲ့တဲ့ အီတလီ

စက်တင်ဘာ ၇


ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရောဘတ် တိုမန်ချီနီရဲ့   အီတလီအသင်းဟာ               ဆွစ်ဇာလန်အသင်းနဲ့  သရေကျခဲ့ပါ တယ်။ ဒါကြောင့် အီတလီဟာ ၂၀၁၈ နောက်ပိုင်း ရှုံးပွဲမရှိသေးပါဘူး။ 


အီတလီဟာ မန်ချီနီလက်အောက် မှာ နိုင်ငံတကာပွဲစဉ် နောက်ဆုံး ၃၆ ပွဲ အထိ မရှုံးနိမ့်တဲ့ စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။  ရှုံးပွဲမရှိစံချိန်တွေကို ဘရာဇီးက ၁၉၉၃ ကနေ ၁၉၉၆ အထိ တင်ထားခဲ့သလို စပိန်ကလည်း ၂၀၀၇ ကနေ ၂၀၀၉ အထိ တင်ထား ခဲ့ပါတယ်။ အီတလီဟာ ၂၀၁၈ တုန်းက ပေါ်တူဂီအသင်းကို နေးရှင်းလိဂ်ဖလား ပြိုင်ပွဲမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ 


အဲဒီနောက် ယူကရိန်းကို သရေ၊ ယူရို ၂၀၂၀ မှာ ဂရိ၊ ဖင်လန် ၊ ဘော့စနီးယား၊ နယ်သာလန်၊ ပိုလန်၊ ဘော့စနီးယားတို့နဲ့ ပွဲတွေကို အရေးမနိမ့်ခဲ့တာဖြစ်ပါတယ်။ မန်ချီနီဟာ အင်္ဂလန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး အီတလီ အသင်းကို ယူရို-၂၀၂၀ ချန်ပီယံဖြစ် အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ရှုံးပွဲမရှိ စံချိန်တင်ခဲ့ပေမယ့် အီတလီဟာ မိနစ် ၉၀ အတွင်း နောက်ဆုံး ၅ ပွဲမှာ     ၄ ပွဲအထိ သရေကျခဲ့တာဖြစ်ပါတယ်။ 


“ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ နည်းစနစ်ပိုင်းက လည်း ပိုကောင်းလာပါတယ်။ ဒီခြေစွမ်း နဲ့ ဆက်လက်ကစားဖို့ လိုအပ်ပါတယ်” လို့ ချီရယ်လီနီက ပြောကြားခဲ့ပါတယ်။ အီတလီဟာ အုပ်စု (C)  မှာ ၅ ပွဲ ကစား ပြီးချိန်မှာ ၁၁ မှတ်အထိ ရရှိထားခဲ့ ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ