နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အိုဆာကာ တတိယအဆင့်တွင် မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့

စက်တင်ဘာ ၇


ယူအက်စ်အိုးပင်း ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာ က တတိယအဆင့်မှာ မထင်မှတ်ဘဲ ရှုံးပွဲ ကြုံတွေ့ခဲ့ရပါတယ်။


အိုဆာကာဟာ ယခုပြိုင်ပွဲမှာ ဆီဒင် ၃ သတ်မှတ်ခံထားရပြီး တတိယအဆင့်မှာ ကနေဒါဆယ်ကျော် သက် တင်းနစ်မယ်လေး လာဖာနန် ဒက်ဇ်ကို မထင်မှတ်ဘဲ (၂-၁) ပွဲနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။  အိုဆာကာဟာ ပထမပွဲတွင် ၇-၅ နဲ့ အနိုင်ရပေမယ့် ဒုတိယပွဲတွင် ၆-၇ (၂-၇) နဲ့ ပြန်လည် ရှုံးနိမ့်ခဲ့ပါတယ်။


ဒါကြောင့် နောက်ဆုံးပွဲမှာ အသက် ၁၈ နှစ်အရွယ် ဖာနန်ဒက်ဇ်က ၆-၄ နဲ့ ထပ်မံအနိုင်ယူကာ စုစုပေါင်း(၂-၁) ပွဲနဲ့ နိုင်ပြီး စတုတ္ထအဆင့် တက်ရောက်နိုင် ခဲ့ပါတယ်။  အိုဆာကာ(၂၃နှစ်)ဟာ ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ချန်ပီယံဆု နှစ်ကြိမ်(၂၀၁၈၊၂၀၂၀) အပါအဝင် ဂရင်းစလင်း ချန်ပီယံဆုလေးကြိမ်ရရှိ ထားပါတယ်။


၎င်းအနေနဲ့  ရာသီအဖွင့် သြစတြေးလျအိုးပင်း   ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဖိအားများ ရင်ဆိုင်နေရပြီး   ရလဒ်ပိုင်း   ကျဆင်းနေသလို ယူအက်စ်အိုးပင်း ပြိုင်ပွဲမှာ တတိယအဆင့်က ထွက်ရ ခြင်းမှာ သုံးကြိမ်မြောက်ဖြစ်ကြောင်း သိရပါတယ်။


“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မအနေနဲ့ နောက်ထပ်ပွဲ စဉ်ကို ဘယ်တော့ကစား  ဖြစ်မလဲဆိုတာ မသိသေးပါဘူး။  ပွဲကစားခြင်းကနေ အချိန်ကာလ တစ်ခုလောက်အနားယူ သင့်တယ်လို့ ကျွန်မထင်တယ်။ အနိုင်ရ တဲ့အခါမှာတောင် မပျော်ရွှင်တဲ့ခံစားမှု မျိုး ခံစားနေရတယ်။ ပြီးသွားရင် သက်သာသလိုဖြစ်သွားပြီး  ရှုံးနိမ့်တဲ့ အခါကျရင်လည်း အရမ်းဝမ်းနည်း ရတယ်။ ဒါက ပုံမှန်အခြေအနေလို့ မထင်ပါဘူး” ဟု အိုဆာကာက ပွဲအပြီး တွင် ပြောကြားခဲ့သည်။

(SO)






အခြားဆက်စပ်သတင်းများ