နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွာရန်တင်းစည်းမျဉ်း ချိုးဖောက်တယ်ဆိုပြီး ထိန်းသိမ်းခံခဲ့ရတဲ့ အာဂျင်တီးနားအသင်း

စက်တင်ဘာ ၇


၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဘရာဇီး နဲ့ အာဂျင်တီးနားပွဲစဉ်မှာ ဘရာဇီး ကျန်းမာရေး  တာဝန်ရှိသူတွေနဲ့ ဖက်ဒရယ်ရဲအရာရှိတွေက ပရီးမီးယား လိဂ်မှာ ကစားနေတဲ့ အာဂျင်တီးနား ကစားသမား လိုဆယ်ဆို၊ မာတီနက်ဇ်၊ ရိုမဲရိုးနဲ့ ဘွန်ဒီယာတို့ဟာ ဘရာဇီး ကို တရားမဝင်  ဝင်ရောက်လာပြီး စာရွက်စာတမ်းတွေကို အတုလုပ်ခဲ့ကာ ဗြိတိန်က လာတယ်ဆိုတာ အသိပေး ခဲ့ခြင်းမရှိဘဲ ဘရာဇီး ကိုဗစ်စည်းမျဉ်း တွေနဲ့အညီ ကွာရန်တင်းဝင်ခဲ့ခြင်းလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။


၁ နာရီအတွင်းမှာပဲ အဆိုပါပွဲစဉ် ကို ဂိုးမရှိသရေနဲ့ တရားဝင်ပွဲပျက် သွားခဲ့ပါတယ်။  တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က "ကွင်းလယ်ဒိုင် နဲ့ ပွဲတာဝန်ရှိသူတို့ဟာ ယခုအဖြစ်အပျက် အတွက် မှတ်တမ်းကို ဖီဖာစည်းကမ်း ထိန်းသိမ်းရေး ကော်မတီထံ တင်ပြ သွားမှာ ဖြစ်ပါတယ်။ လက်ရှိစည်းမျဉ်း တွေအရ ဒါတွေဟာ ကျိန်းသေပေါက် ထိန်းသိမ်းရမယ့်  အရာတစ်ခုပါ။ ကမ္ဘာ့ဖလားခြေစစ်ပွဲဆိုတာ  ဖီဖာရဲ့ ပြိုင်ပွဲပါ။ ဆုံးဖြတ်ချက်တိုင်းနဲ့ ဖြစ်လာ မယ့် အရာတိုင်းကို အဲဒီအဖွဲ့အစည်း က ပြုလုပ်ဖို့ ပါဝါရထားပါတယ်"လို့ ဖော်ပြထားပါတယ်။


ပြင်သစ်သတင်းဌာန  RMC ရဲ့ အဆိုအရ မက်ဆီက "ငါတို့ ဒီမှာရောက် နေတာ ၃ ရက်တောင်ရှိနေပြီး ပွဲကစား ဖို့ စောင့်နေတာလေ။ ဘာလို့ စောစော လာမပြောတာလဲ။ ငါတို့ထွက်ပြီ"ဆိုပြီး ပြောနေတာ ကြားရတယ် လို့ ဆိုခဲ့ပါ တယ်။


အာဂျင်တီးနား နည်းပြ စကာလိုနီ က "ဒါမျိုးဖြစ်သွားလို့ ကျွန်တော် အရမ်းဝမ်းနည်းမိပါတယ်။ သူတို့ အဲ့ဒါ ကို လုပ်လုပ်  မလုပ်လုပ်ပွဲကိုတော့ ဝင်မဖျက်သင့်ပါဘူး။ ကျွန်တော်တို့ ပွဲကို ဆက်ကစားချင်သလို ဘရာဇီး ကစားသမားတွေလည်း တူတူပါပဲ"လို့ ပြောခဲ့ပါတယ်။                                (SO)






အခြားဆက်စပ်သတင်းများ