နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမျိုးရေးခွဲခြားမှုတွေကို ထိထိရောက်ရောက် အပြစ်ပေးဖို့ ဘယ်လင်ဂမ် တောင်းဆို

စက်တင်ဘာ ၆


ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ  သူနဲ့ စတာလင်တို့ ဟန်ဂေရီပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု   ခံခဲ့ရပြီးနောက် အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်က လူမျိုးရေးခွဲခြားမှုတွေကို ထိရောက်စွာ အပြစ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ 


ဘူဒါပတ်စ်မြို့ရှိ ပရိသတ်တွေဟာ ကွင်းဘေးမှာ သွေးပူလေ့ကျင့်ခန်းဆင်း နေတဲ့ ဘယ်လင်ဂမ်ကို မျောက်အော်သံ တွေပေးရင်း လူမျိုးရေးခွဲခြားခဲ့သလို ဝ-၄ ဂိုးနဲ့ အနိုင်ရခဲ့ရာမှာ အသင်း အတွက် စတာလင် ဦးဆောင်ဂိုးသွင်းယူ စဉ်မှာလည်း လူမျိုးရေးခွဲခြားခဲ့ကြပါ တယ်။ ဖီဖာက ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပြီးနောက် ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဂမ်က အထက်ပါအတိုင်း တိုက်တွန်းလိုက် တာဖြစ်ပါတယ်။


''ဒီဖြစ်ရပ်အပြီး  ကျွန်တော့် ကို ထောက်ခံအားပေးခဲ့တဲ့အတွက် အားလုံးကို  ကျေးဇူးတင်ပါတယ်။ တာဝန်ရှိသူတွေက အင်အားသုံးပြီး ပြင်းပြင်းထန်ထန် အရေးမယူသရွေ့ ဒါတွေက ပျောက်ကွယ်သွားမှာမဟုတ် ပါဘူး''လို့  ဘယ်လင်ဂမ်က သူ့ရဲ့ တွစ်တာအကောင့်ကနေ ရေးသားခဲ့ ပါတယ်။ 


ဟန်ဂေရီဟာ အိမ်ကွင်းမှာကစား ခဲ့တဲ့ ပြင်သစ်၊  ပေါ်တူဂီတို့နဲ့ ယူရိုပွဲတွေမှာ လူမျိုးရေးခွဲခြားမှုနဲ့ လိင်ခွဲခြားမှုတွေ ပြုလုပ်ခဲ့လို့ယူအီးအက်ဖ်အေက ဇူလိုင် လအတွင်းမှာ  ပရိသတ်မပါဘဲ ၂ ပွဲ ကစား ရဖို့၊ တတိယပွဲကိုမကစားဖို့ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေက ဖီဖာရဲ့လက်အောက် မှာရှိနေလို့ ယူအီးအက်ဖ်အေရဲ့အရေးယူ မှုတွေက ၂၀၂၁ နေးရှင်းလိဂ်ရောက်မှ သာ သက်ရောက်မှာဖြစ်ပါတယ်။  

(SO)






အခြားဆက်စပ်သတင်းများ