နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သေနတ်တွေ ဘေးချပြီး ကစားသွားတဲ့ တာလီဘန်တွေရဲ့ ငြိမ်းချမ်းရေး ခရစ်ကတ်ပွဲ

စက်တင်ဘာ ၆


တာလီဘန်တွေကြီးစိုးတဲ့ ပက်ရှ် တန်မြို့အနီးကကွင်းမှာ ခရစ်ကက် လူရွေးပွဲ တစ်ပွဲပြုလုပ်သွားခဲ့ပါတယ်။ ကဘူးက လူတွေတောင် ပွဲကိုလာပြီး ကြည့်ကြတယ်။ 


တာလီဘန်အလံတွေနဲ့ အာဖဂန် အလံတွေက ဘေးချင်းယှဉ် ဝှေ့ယမ်း ကာ အားပေးသွားတယ်။ တာလီဘန် ဖိုက်တာတွေက သေနတ်တွေထမ်းပြီး လုံခြုံရေးလုပ်ပေးသလို ကွင်းထဲက ပရိသတ်တွေကတော့ သေနတ်တွေ ဘေးချပြီး ပွဲကိုပျော်ရွှင်စွာအားပေး ကြပါတယ်။ ပြိုင်ပွဲမှာ ငြိမ်းချမ်းရေး ကာကွယ်သူအသင်းနဲ့ ငြိမ်းချမ်းရေး ဟီးရိုးအသင်းတို့ ပြိုင်ကြတာပါ။ 


တာလီဘန်တွေ  အများစုပါတဲ့ ငြိမ်းချမ်းရေးကာကွယ်သူ အသင်းက အနိုင်ရသွားပါတယ်။ အဲဒီပြိုင်ပွဲက ယူအေအီးမှာ အောက်တိုဘာ ၁၇ ကနေ နိုဝင်ဘာ ၁၅ အထိ ကျင်းပမယ့် T 20 ခရစ်ကတ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက်လူရွေးတဲ့အနေနဲ့ လုပ်တာပါ။ အရင်ကတာလီဘန်တွေနဲ့အစွန်းရောက်ဘာသာ ရေးသမားတွေက အားကစားလုပ်ငန်း တွေ၊ ပြိုင်ပွဲကိုခွင့်မပြုထားပါဘူး။


ဒီလကုန်မှာ အာဖဂန်လက်ရွေးစင် ခရစ်ကတ်အသင်းက ဘင်္ဂလားဒေ့ရှ် ကိုလာပြီး လက်စမ်းပွဲလုပ်မှာပါ။ ပြောရရင်တော့ အဲဒီပွဲက သြဂုတ် လ ၁၅ ရက်နေ့ အာဖဂန်ကို တာလီဘန် တွေ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးပြုလုပ်တဲ့ အားကစားပွဲ တစ်ခုလည်းဖြစ်ပါတယ်။ အာဖဂန် ကစားသမား ရာရှစ်ခန်ကို မနှစ်က နိုင်ငံတကာ ခရစ်ကတ်အဖွဲ့ချုပ်က ဆယ်စုနှစ်အတွင်း အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ခဲ့ပါတယ်။  (SO)






အခြားဆက်စပ်သတင်းများ