နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကစားသမားကောင်းတွေ ခေါ်ယူနိုင်တဲ့အတွက် ကျေနပ်အားရမှုရှိတယ်လို့ အာဆင်နယ်နည်းပြ အာတီတာ ပြော

စက်တင်ဘာ ၄


အာဆင်နယ်နည်းပြ အာတီတာက နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားကောင်းများစွာကို ခေါ်ယူနိုင်ခဲ့တာကြောင့် အသင်းအတွက် ကျေနပ်အားရမှုရှိတယ်လို့ ပြောခဲ့ပါတယ်။ 

အာဆင်နယ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ပေါင် ၁၄၅ သန်းအထိ အသုံးပြုခဲ့ပြီး ကစားသမား ၆ ယောက်ထိ ခေါ်ယူကာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ ငွေအများဆုံး သုံးခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။ 


အသင်းရဲ့ဝက်ဘ်ဆိုဒ်ကနေတစ်ဆင့် အာတီတာက "နွေရာသီအပြောင်းအရွှေ့မှာ ကစားသမား ရောင်းဝယ်မှုက ၁၆ ကြိမ်၊ ၁၇ ကြိမ်အထိပြုလုပ်ခဲ့တာကြောင့် အသင်းအနေနဲ့ ပြောင်းလဲမှုတွေ အများကြီးရှိပါတယ်။ ကောင်းမွန်တဲ့ ကစားသမား အစုအဖွဲ့ကြောင့် အသင်းအနေနဲ့ ရလဒ်ကောင်းတွေကို ပြန်လည်ရယူ နိုင်မှာပါ " လို့ပြောခဲ့ပါတယ်။ 


အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲကစားပြီးချိန်မှာတော့ ရမှတ်မရရှိဘဲ အမှတ်ပေးဇယား အောက်ဆုံး နေရာကို ရောက်ရှိနေတာဖြစ်ပြီး နည်းပြအာတီတာအနေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရကာ အသင်းမှ ထွက်ခွာဖို့လည်း တောင်းဆိုမှု တွေ ရှိနေပါတယ်။                                                                                                                                             (သူရိန်)






အခြားဆက်စပ်သတင်းများ