နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီမာဆင်ရွိုင်ရယ်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့သဘောတူညီမှုရခဲ့တဲ့ တော့တင်ဟမ်

စက်တင်ဘာ ၁


တော့တင်ဟမ်အသင်းဟာ ဘာစီလိုနာ ညာ နောက်ခံလူ အီမာဆင်ရွိုင်ရယ်ကို အပြောင်းအရွှေ့ မပိတ်ခင် ပေါင် ၂၅ ဒသမ ၇ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ကြောင်းသိရပါတယ်။ ဘရာဇီး သားဟာအလားအလာရှိတဲ့ ကစားသမားအဖြစ်  ဘာစီလိုနာက သတ်မှတ်ထားပေမဲ့ ဘဏ္ဍာရေးအရ အကျပ်အတည်းဖြစ်နေချိန် တော့တင်ဟမ်က ကမ်းလှမ်းလာတာကြောင့် တားဆီးနိုင်ခြင်းမရှိဘဲ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ 


နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ် နေပြီဖြစ်ပြီး  တော့တင်ဟမ်က  အူရီယာကို အလိုက်ပေး ကမ်းလှမ်းခဲ့ပေမဲ့ ဘာစီလိုနာက ပယ်ချခဲ့ပါတယ်။ အီမာဆင်ဟာ ဘက်တစ်မှာ ၃ ရာသီကြာ အငှားသွားကစားခဲ့ပြီး နည်းပြ ပယ်လီ ဂရီနီလက်အောက် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ အီမာဆင်ဟာ ဘာစီလိုနာမှာ   အကောင်းဆုံး အထိုင်ကျနေပေမဲ့ ယခု သတင်းကတော့ ကစား သမားလိုအပ်နေတဲ့ နည်းပြ ကိုးမန်းအတွက် ထိုးနှက်ချက် တစ်ခုဖြစ်ခဲ့ပါတယ်။


တော့တင်ဟမ်ကတော့ လိုင်လီ အပါအဝင် အသင်းအနည်းငယ် စိတ်ဝင်စားနေတဲ့ အူရီယာကို ရောင်းချနိုင်ဖို့ မျှော်လင့်နေပါတယ်။ တော့တင်ဟမ် အသင်းဟာ နွေရာသီအတွင်း ဆစ်ဆိုကို၊ ဒန်နီရို့စ်၊ အယ်လ်ဒါဝီရယ်၊   လာမယ်လာတို့နဲ့ လမ်းခွဲ ခဲ့ပါတယ်။  ဘာစီလိုနာ ကွင်းလယ်လူ မိုရီဘာ ကိုလည်း ချိတ်ဆက်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ ၁၈ နှစ်သားက လိုက်ပ်ဇစ်ကို ပြောင်းဖို့ နီးစပ်နေခဲ့ပြီ ဖြစ်ပါတယ်။    (SO)






အခြားဆက်စပ်သတင်းများ