နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူနိုက်တက်အသင်းကနေ လိဒ်ယူနိုက်ကို ရောက်လာတော့မယ့် ဒန်နီရယ်ဂျိမ်းစ်

စက်တင်ဘာ ၁


မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ဝေးလ်လက်ရွေးစင် တောင်ပံ ကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို  လိဒ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း  ၃၀ ဝန်းကျင်နဲ့ ရောင်းချဖို့ သဘောတူညီမှုရခဲ့ကြောင်း သိရှိရပါ တယ်။ 


မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒန်နီရယ်ဂျိမ်းစ်ကို ဆွမ်ဆီးအသင်း ကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ဝယ်ယူခဲ့ တာကြောင့် ဂျိမ်းစ်ကို ပြန်လည်ရောင်းချရာကနေ အမြတ်အစွန်း ပေါင် ၁၅ သန်း ဝန်းကျင်အထိ ရရှိမှာပဲ ဖြစ်ပါတယ်။ 


ဒန်နီရယ်ဂျိမ်းစ်ဟာ မန်ချက်စတာ ယူနိုက် တက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၇၄ ပွဲ ကစား ပေးခဲ့ပြီး ၉ ဂိုး သွင်းယူကာ ၉ ဂိုး ဖန်တီးပေးနိုင် ခဲ့သူပါ။ 


လိဒ်ယူနိုက်တက်ရဲ့ နည်းပြကြီး ဘီယဲယ်ဆာ ကတော့ သူ့ရဲ့ ကာလရှည် ပစ်မှတ်ဖြစ်တဲ့ ဒန်နီ ရယ်ဂျိမ်းစ်ကို အမှတ်မထင် ခေါ်ယူနိုင်ခဲ့တဲ့ အတွက် စိတ်ချမ်းသာနေကြောင်း လိဒ်အသင်းနဲ့ နီးစပ် သူတွေက ဆိုထားပါတယ်။                                                      (SO)






အခြားဆက်စပ်သတင်းများ