နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီကွေဒေါအစိုးရ၏ စီးပွားရေးတုံ့ပြန်မှုအပေါ် လူထောင်ချီ ဆန္ဒပြ

မေ  ၂၆၊ ကွီတို


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ချိန်တွင် အီကွေဒေါအစိုးရ၏ စီးပွားရေးတုံ့ပြန်မှုကို ဆန့်ကျင်ဆန္ဒပြသည့် အနေဖြင့် အီကွေဒေါနိုင်ငံတွင် လူထောင်ချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ 


အသွားအလာကန့်သတ်မှုများကို ဖီဆန်ပြီး အီကွေဒေါနိုင်ငံမြို့တော် ကွီတိုမြို့တွင် လူ ၂၀၀၀ နီးပါး ဆန္ဒပြခဲ့ကြသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အစိုးရပိုင် ကုမ္ပဏီအချို့ကို ပိတ်ပစ်ပြီး ပြည်သူ့ဝန်ထမ်းလစာများ လျှော့ချမှု အပါအဝင် စီးပွားရေးတုံ့ပြန်မှုစည်းမျဉ်းများကို အီကွေဒေါသမ္မတ မိုရီနိုက ကြေညာခဲ့သည်။ အီကွေဒေါနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင် ဆုံးရှုံးသူ ၁၅၀၀၀၀ ကျော် ရှိသည်ဟု မိုရီနိုက ပြောသည်။


အီကွေဒေါနိုင်ငံမှာ တောင်အမေရိကတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးရွားဆုံးခံစားနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၃၇၀၀၀၊ သေဆုံးသူ ၂၀၀၀ ကျော် ရှိနေသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ အီကွေဒေါနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဂွာယာကေးမြို့တွင်လည်း ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။ ပြီးခဲ့သည့်လက ဂွာယာကေးမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူရာပေါင်းများစွာကို သဂြိုဟ်နိုင်ခြင်းမရှိသည့် အခြေအနေ ကြုံတွေ့ခဲ့သည်။    


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ