နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက်ဆီ ပထမဆုံး ပါဝင်ခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့တဲ့ အမ်ဘတ်ပီ‌

ဩဂုတ် ၃၁


လီယွန်နယ် မက်ဆီဟာ ယမန်နေ့ ည စတာဒီရင်းစ်နဲ့ ပွဲစဉ်မှာ ပီအက်စ်ဂျီ အတွက် လူစားဝင် ကစားသမားအဖြစ် ပထမဆုံး ပွဲထွက်လာခဲ့ပါတယ်။ ပွဲချိန် ၁၄ မိနစ်မှာပဲ အမ်ဘတ်ပီက ဒီမာရီ ယာရဲ့ ဖြတ်တင်ဘောကနေခေါင်းတိုက် ကာပီအက်စ်ဂျီအတွက် ဦးဆောင် ဂိုးသွင်း ယူပေးခဲ့ပါတယ်။

 

ပထမပိုင်းပြီးခါနီး စတာဒီရင်းစ် အတွက် အကောင်းဆုံးအခွင့်အရေး အဖြစ် ကာဆာမာရဲ့ကန်ချက်က ဘားထိထွက်သွားခဲ့လို့ စတာဒီရင်းစ် တို့ချေပဂိုးနဲ့လွဲခဲ့ရပါတယ်။ ဒုတိယ ပိုင်းအစမှာ မွန်နက်စီက စတာဒီရင်းစ် အတွက်ချေပ ဂိုးသွင်းပေးခဲ့ပေမဲ့ အဆိုပါ ဂိုးက လူကျွံဘောဖြစ်သွားခဲ့လို့ နစ်နာ ခဲ့ရပြန်ပါတယ်။ 


သိပ်မကြာခင်မှာပဲ  ဟာကီမီရဲ့ ဖြတ်တင်ဘောကနေ အမ်ဘတ်ပီကပဲ ပိတ်သွင်းကာ ပီအက်စ်ဂျီအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးသွင်းယူ ပေးခဲ့ပါတယ်။  ၆၃ မိနစ်မှာတော့ ကမ္ဘာပေါ်ကပရိသတ်တွေစောင်မျှော် နေတဲ့ အခိုက်အတန့်အဖြစ် မက်ဆီ တစ်ယောက်   နေမာရဲ့နေရာမှာ လူစားဝင်လာခဲ့ပါတယ်။  မက်ဆီက ပီအက်စ်ဂျီအတွက် ဘာမှမလုပ်ပြနိုင် ခဲ့ပေမဲ့ ပီအက်စ်ဂျီ ကတော့ ၄ ပွဲဆက် တိုက် နိုင်ပွဲဖန်တီးနိုင်ခဲ့ပါတယ်။ 


မက်ဆီဟာ အရမ်းကို စိတ်ဓာတ် တက်ကြွနေပါတယ်။ သူက ပရော်ဖက်ရှင် နယ်ကစားသမား အရမ်းပီသသူပါ အသင်းဖော်အသစ် ပြိုင်ပွဲအသစ်နေရာ အသစ်နဲ့ လျင်လျင်မြန်မြန်ပဲ လိုက် လျောညီထွေနေနိုင်ခဲ့ပါတယ်လို့ နည်းပြ ပိုချက်တီနိုက ပြောခဲ့ပါတယ်။    

   (SO)






အခြားဆက်စပ်သတင်းများ