နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွဲပြီးခါနီးတွင် အံ့အားသင့်ဖွယ့် OG လက်ဆောင်ဂိုးနဲ့တစ်မှတ်ရလိုက်တဲ့ အက်တီကို‌

ဩဂုတ် ၃၁


လာလီဂါ    လက်ရှိချန်ပီယံ အက်တီကိုဟာ ပွဲပြီးခါနီး စက္ကန့်ပိုင်း အလိုတွင် ထူးဆန်းစွာရတဲ့ OG ဂိုးဖြင့် ဗီလာရီးရဲလ်ကို ခက်ခက်ခဲခဲ ကစား ရင်း၂-၂ ရလဒ်နဲ့သရေ ကစားနိုင် ခဲ့ပါတယ်။ 

နည်းပြ ဆီမြွန်နီရဲ့အသင်းဟာ ရာသီအစ အဖွင့် ၂ ပွဲကိုအနိုင်နဲ့ စတင် ထားပြီး ဗီလာရီးရဲလ်နဲ့ပွဲမှာတော့ တိုက်စစ်က ဂိုးရဖို့ရုန်းကန်ခဲ့ရပါတယ်။ နည်းပြ အမ်မရီရဲ့အသင်းဟာ အက်တီ ကိုအသင်းကို  ယှဉ်ကစားနိုင်ခဲ့ပြီး ဂိုးသမားရူလီကိုရဲ့  လက်စွမ်းပြ ကာကွယ်မှုကြောင့်လဲ ပထမပိုင်းမှာ ဂိုးမပေးခဲ့ရပါဘူး။ 


ဒုတိယပိုင်း ၅၂ မိနစ်မှာ ဗီလာ ရီးရဲလ် ကစားသမား   ထရီဂူရိုစ်က ဂိုးစတင်သွင်းယူခဲ့ပါတယ်။  ဒါပေမဲ့ အက်တီကိုက ချက်ချင်း  ချေပဂိုးပြန် ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး လူးဝစ် ဆွာရက်ဇ်က ကော်ရီယာရဲ့ ပေးပို့မှုက နေ ပိတ်သွင်းနိုင်ခဲ့ပါတယ်။


 ပွဲပြီးဖို့  ၁၅  မိနစ်အလိုမှာ အက်တီကို နောက်ခံလူ ဆားဗစ်ရဲ့ အမှားကို  အသုံးချကာ ဒန်ဂျူမားက ဂိုးသမား ဘယ်လိုမှ  မဖမ်းနိုင်အောင် အပေါ်ထောင့်ထဲ    ကန်သွင်းခဲ့လို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ အဲဒီနောက် အချိန်ပို ၆ မိနစ်လောက်မှာ အက်တီကို ဘက်က ကန်တင်လိုက်တဲ့ ဘောလုံး ကို နောက်ခံလူ အစ္စဆာမန်ဒီ မထင် မှတ်ဘဲ ဂိုးပေါက်ထဲသို့ခေါင်းတိုက် ပြန်ပေးလိုက်ချိန် ဂိုးသမားကလည်း ပြေးအထွက် နှစ်ဦးသား နားလည်မှု လွဲကာဘောလုံးက ဂိုးပေါက်ထဲသို့ တည့် မတ်စွာဝင်သွားခဲ့လို့အက်သလက်တီကိုတို့အဖိုးတန်လက်ဆောင်ဂိုး ပြန်ရပြီး ၂-၂ ရလဒ်နဲ့ တစ်မှတ်ရခဲ့ပါတယ်။      

  (SO)






အခြားဆက်စပ်သတင်းများ