နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူနိုက်တက်ကို လစာငွေ လျှော့ယူပြီး ပြောင်းခဲ့တဲ့ ရော်နယ်ဒို‌

ဩဂုတ် ၃၁


စီရော်နယ်ဒိုဆိုတာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့အတွက် ရောက်လေရာအရပ်တိုင်းမှာ စံချိန်တင် လစာငွေတွေကိုရယူနေခဲ့သူပဲ ဖြစ်ခဲ့ရ ပါတယ်။ ဒါ့ကြောင့် မန်ချက်စတာ ယူနိက်တက် အသင်းဆီ ပြောင်းတဲ့အခါမှာ လည်း သူဟာ စံချိန်တင် လစာငွေတစ်ရပ် ၊ သို့မဟုတ် အနည်းဆုံး ဂျူဗင်တပ်မှာ ရရှိနေသလောက် လစာငွေရရှိလိမ့်မယ် လို့ ထင်ကြေးပေးခံခဲ့ရပါတယ်။ 


ဒါပေမဲ့ Mail On Sunday သတင်းအရလက်တွေ့မှာတော့ စီရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီသို့ ပြန်လည်ပြောင်းရွှေ့လာနိုင်ဖို့အတွက် တစ်နှစ် ပေါင် ၆ သန်း အထိတောင် လျှော့ယူခဲ့တယ်လို့ သိလိုက်ရပါတယ်။ 


စီရော်နယ်ဒို ဟာ ဂျူဗင်တပ်အသင်းမှာ တစ်ပတ် ပေါင် ၅ သိန်း နဲ့ တစ်နှစ်ကို လစာငွေ စုစုပေါင်း ပေါင် ၂၆ သန်း ထိ ရရှိနေသူပဲ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက် အသင်းမှာတော့ သူဟာ တစ်နှစ် ပေါင် သန်း ၂၀ ပဲ ရရှိသွားလိမ့်မယ်လို့ သိလိုက်ရ ပါတယ်။


ဒါကြောင့် စီ ရော်နယ်ဒို ကိုယ်တိုင်က လစာငွေ လျှော့ယူပြီး အသင်းဟောင်းနဲ့ ပြန်လည် ပူးပေါင်းဖို့ လုပ်ဆောင်ခဲ့တာ ထင်ရှားနေခဲ့ရပါတယ်။ အဆိုပါ လစာငွေကို အခြေခံလိုက်ရင်တော့ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီမှာ တစ်ပတ် ပေါင် ၃၈၅၀၀၀ သာ ရရှိသွားမှာပဲ ဖြစ်ပါတယ်။ 


ဒါပေမဲ့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လစာငွေ အကောင်းဆုံး ကစားသမား ဖြစ်နေဦး မှာ ပါပဲ ။လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဒီဂီယာဟာ တစ်ပတ် ပေါင် ၃၇၅,၀၀၀ နဲ့ အများဆုံးရနေသူပဲဖြစ်ပါတယ်။     (SO)






အခြားဆက်စပ်သတင်းများ