နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တန်းတက်ကို ရလဒ်တစ်မျိုးတည်းကစားပြပြီး အမှတ်ပေးဇယားကိုပါ ဦးဆောင်လိုက်တဲ့ တော့တင်ဟမ်‌

ဩဂုတ် ၃၀


ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၃ ပွဲတစ်ပွဲဖြစ်တဲ့ စပါးအသင်းနဲ့ဝက်ဖို့ဒ်ပွဲစဉ်မှာ တော့ စပါးတို့က ၁-၀ ရလဒ်နဲ့  အနိုင်ယူခဲ့ပါတယ်။ ပွဲစစချင်းနှစ်သင်းစလုံး တိုက်စစ်ဆင်ကစားခဲ့တယ်၊ စပါးကအနိုင်ရရင် အမှတ်ပေးဇယားကိုဦးဆောင် နိုင်မှာကြောင့် စိတ်ဓာတ်မြှင့်ကစားပြီး   တိုက်စစ်မှူးဟာရီကိန်းပါဝင်လာလို့ ပိုမိုတောင့်တင်းခဲ့ပါတယ်၊ ဆွန်ဟောင်မင်အကောင်းဆုံးမွှေနှောက်ကစားခဲ့ပြီး ပွဲချိန် ၄၂ မိနစ်မှာ အလွတ်တည်ဘောကနေထောက်ဘောကန်သွင်းရင်း စပါးတို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။


ဟာရီကိန်းရဲ့အတိုးအလှုပ်တွေကောင်းပေမယ့် စိတ်စောနေသယောင်တွေ့မြင် ရပါတယ်။ ဝက်ဖို့ဒ်တို့စပါးကိုအကောင်းဆုံးလိုက်ကစားနိုင်ပြီး ဂိုးသွင်းခွင့်တွေလည်း ရရှိပါတယ်။ ဝက်ဖို့ဒ်ရဲ့ဘယ်၊ ညာတောင်ပံကနေ အကောင်းဆုံးထောက်ပံ့တင်ပို့မှု တွေ လုပ်ဆောင်နိုင်တာတွေ့ရပါတယ်။


စပါးဟာပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲစလုံး ၁-၀ ဂိုးရလဒ်တွေနဲ့ပဲ အနိုင်ယူကာ အမှတ်ပေးဇယားကိုပါ ဦးဆောင်နိုင်ခဲ့ပြီး ဆွန်ဟောင်မင်ကလည်း သူ့ရဲ့ပရီးမီး ယားလိဂ်ပွဲ ၂၀၀ ပြည့်မှာ အသင်းအတွက်အရေးပါတဲ့ တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူသွားပါတယ်။


စပါးဟာ အဖွင့်ပွဲမှာ လက်ရှိချန်ပီယံ မန်စီးတီးကို ၁-ဝဂိုး၊ ပွဲစဉ် ၂မှာ နူနိုရဲ့ အသင်းဟောင်း ဝုဗ်ကို ဝ-၁ဂိုး၊ အခုပွဲမှာ တန်းတက် ဝက်ဖို့ဒ်ကို ၁-၀ ဂိုးရလဒ်တွေနဲ့အသီးသီးအနိုင်ရထားတာပါ။ဝက်ဖို့ဒ်ကတော့ ၁၉၈၂ ကနေ ၁၉၈၅ ကြား စပါးနဲ့ ရင်ဆိုင်ခဲ့တဲ့ အဖွင့်လိဂ်အဝေးကွင်း ၃ ပွဲဆက် အနိုင်ရပြီးချိန်ကတည်းက စပါးနဲ့ လိဂ်အဝေးကွင်း ၁၁ ပွဲကစားထားရာမှာ တစ်ပွဲသရေ၊ ၁၀ ပွဲရှုံးနိမ့်ထားပါတယ်။

                                                             (SO)






အခြားဆက်စပ်သတင်းများ