နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိရိုးဖလာအိုးလုပ်ငန်းလုပ်ကိုင်သူများ ဈေးကောင်းရ၍အဆင်ပြေ

ကျွန်းလှ  မေ  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် မိရိုးဖလာအိုးလုပ်ငန်း လုပ်ကိုင်နေသူများ ဈေးကောင်းရ၍ အဆင်ပြေကြောင်းသိရသည်။

အိုးလုပ်ရာတွင် အဓိကကျသည့် ရွံ့စေးမြေကိုသုံးဘီးတစ်စီးငွေကျပ် ၁၀ဝ၀ဝ ပေးရကြောင်း၊ အိုးတစ်လုံးဖြစ်ရန် ရွံ့စေးမြေလေးပုံး၊ သဲနှစ်ပုံးရောပြီး ရေစိမ် ထားရကြောင်း၊ ရေစိမ်ပြီး မြေစေးကို ခြေထောက်ဖြင့်နင်း၍ ပုံလောင်း၊ ထုတ်ဖြင့် သုံးဆင့်ရိုက် နေပြန်လှန်းရ ကြောင်း၊ အိုးများကို ကောက်ရိုး၊ ထင်းများထောင်၍ ရွံ့ဖြင့်သရွတ်ကြမ်းပြီး မီးဖုတ်ရကြောင်း၊ ရှမ်းစုကျေးရွာ အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ချိုက ပြောသည်။

''ကျမတို့ကျေးရွာမှာ မိဘများလက်ထက်က အိုးလုပ်ငန်းလုပ်ကိုင်ခဲ့တာ နှစ် ၁၀ဝ ကျော်ရှိပါပြီ။ ကျေးရွာတွင်း အိုးလုပ်ငန်းလုပ်ကိုင်သူ ၂၅ ဦးကျော်ရှိပါတယ်။ မိသားစုနှင့်အလုပ်သမား ငှားလုပ်ရာ တစ်နေ့အိုးအလုံး ၄၀ ပြီးပါ တယ်။ ကုန်ကြမ်းပစ္စည်းနှင့် လုပ်အားခနုတ်ပြီး အိုးအလုံး ၂၀ ကျော် အမြတ်ကျန်ပါတယ်''ဟု ယင်းကထပ်မံ ပြောပြသည်။ အဆိုပါအိုးများကို ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကောလင်းမြို့နယ်များသို့ သောက်ရေအိုးတစ်လုံးငွေကျပ် ၁၀ဝ၀ ၊ အိုးလတ်တစ်လုံးငွေကျပ် ၈၀ဝ ဖြင့်ရောင်းရကြောင်း သိရသည်။                

                                                   
မျိုးဝင်းညို ကျွန်းလှ






အခြားဆက်စပ်သတင်းများ