နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ယန်က သန်း ၂၀ နဲ့ ကိုရန်တင်တိုလစ်ဆိုကို အလိုက်ပေးခေါ်မယ့် ဒန်ဘီလီ

 ဩဂုတ် ၂၆


စပါး ကွင်းလယ်ကစားသမား ပြင်သစ်သား တန်ဂိုဒန်ဘီလီကို ဘိုင်ယန်က အရောင်းအဝယ်ဈေးကွက် မပိတ်ခင်မှာ ယူရိုသန်း ၂၀ အပြင် ကစားသမားတစ်ယောက်နဲ့ အလိုက် ပေးပြီး ခေါ်မယ်လို့ ဈေးဖွင့်ပေးလိုက် ပါတယ်။ တန်ဂိုဒမ်ဘီလီ (၂၄ နှစ်) က ပြင်သစ်လက်ရွေးစင် ကစားသမား တစ်ယောက်ပါ။ စပါးမှာ ၅၄ပွဲ ကစား ထားပြီး ၅ ဂိုး သွင်းပေးထားပါတယ်။


သူက မြန်တယ်၊ ဖျက်အားကောင်း တယ်၊ အတက်အဆင်း ကစားနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဖြတ်တင်ဘောတွေ ကောင်းတယ်၊ ဆွဲပြေးအားကောင်းတာက  သူ့ရဲ့ အားသာချက်ပါပဲ။ စပါးက သူ့ကို ဘေးဖယ်ထားလို့ အသင်းက ထွက်ချင် သွားတာပါ။ 


ဒါပေမဲ့ လက်ရှိနည်းပြ နျူနိုက သူ့ကို ရာသီအစမှာသုံးနေပေမယ့်သူရဲ့ နေရာက အာမ မခံနိုင်သလို စပါးနည်းပြ  ကလည်း သူ့ကို သုံးနေသေးတယ်ဆို တော့ ဆုံးဖြတ်ရခက်နေတဲ့အချိန်မှာ ဘိုင်ယန်က  ဈေးဖွင့်ခဲ့တာပဲ ဖြစ်ပါ တယ်။ ဘိုင်ယန်က ယူရိုသန်း ၂၀ အပြင် ပြင်သစ်သား ကွင်လယ် တိုက်စစ်သမား ကိုရန်တင်တိုလစ်ဆို ၂၇ နှစ် ကိုပါ အလိုက်ပေးလဲမယ်လို့ ဆိုထားပါတယ်။


စပါးအတွက် ခံစစ်အသားပေး ကွင်းလယ်သမားထက် တိုက်စစ်လိုက် တဲ့ ကွင်းလယ်သမားရတာက ပိုပြီး ကောင်းတဲ့အနေအထား ဖြစ်ပါတယ်။ တိုလစ်ဆိုကလည်း လိုင်ယွန်ထွက် ကစားသမားဖြစ်ပြီး ဘိုင်ယန်က ယူရို ၄၁ သန်းခွဲ နဲ့ ဆွဲထားတာပါ။ သူ့ရဲ့ တန်ဖိုးနဲ့ အလိုက်ပေးတဲ့ သန်း ၂၀ နဲ့ပေါင်းရင် ဒမ်ဘီလီက သန်း ၆၀ ကျော် ကြေးပေါက်သွားတဲ့ အနေအထားရှိပါ တယ်။

(SO)






အခြားဆက်စပ်သတင်းများ