နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီဗီလာနောက်ခံကစားသမား ကူအန်ဒီကို ခေါ်ယူနိုင်တော့မယ့် ချဲလ်ဆီး

ဩဂုတ် ၂၅


ချဲလ်ဆီးအသင်းဟာ  နွေရာသီ အပြောင်းအရွှေ့  မပိတ်ခင်မှာနောက်ခံ လူတစ်ဦးကို ခေါ်ယူဖို့ ဦးစားပေး လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိအချိန် မှာတော့ ကာလရှည် စောင့်ကြည့်နေခဲ့ တဲ့ ဆီဗီလာနောက်ခံလူ ကူအန်ဒီကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။


ချဲလ်ဆီးအနေနဲ့ ကူအန်ဒီရဲ့ စာချုပ်ပါလျော်ကြေး ပေါင် ၆၈ သန်း ပေးပြီး ခေါ်ယူဖို့ လုပ်ဆောင်နေသလို ၅ နှစ် စာချုပ်ချုပ်ဆိုသွားဖို့ရှိနေတယ် လို့လည်း သိရပါတယ်။ 


ချဲလ်ဆီးအသင်းအနေနဲ့ နောက်ခံ လူ တစ်ဦးဖြစ်တဲ့ ဇူးမားကို ဝက်စ်ဟမ်း အသင်းထံ ပေါင် ၂၆ သန်းနဲ့ ရောင်းချဖို့ ရှိနေတယ်လို့ သတင်းတွေ က ဖော်ပြ ခဲ့ပြီး ဇူးမားရဲ့ အပြောင်းအရွှေ့ဖြစ် မြောက်ပြီးတာနဲ့ ဆီဗီလာနောက်ခံလူ ကူအန်ဒီကို ခေါ်ယူမှာဖြစ်တယ်လို့ သိရ ပါတယ်။


ချဲလ်ဆီးနည်းပြ တူချယ်လ်က "ကူအန်ဒီရဲ့  ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားခဲ့ပါပြီ။ ကူအန်ဒီအနေနဲ့ ဆီဗီလာအသင်းကို လေးစားတာကြောင့် အပြောင်းအရွှေ့ အတွက်  ဖိအားပေးတာမျိုးတွေ မလုပ်တာဘဲ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း အသင်းကို ဇူးမားပြောင်းရွှေ့သွားတာနဲ့ ကူအန်ဒီကို ခေါ်ယူသွားမှာပါ"လို့ ပြောခဲ့ ပါတယ်။

 (သူရိန်)






အခြားဆက်စပ်သတင်းများ