နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်စတာကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားဦးဆောင်လိုက်တဲ့ ဝက်ဟမ်း

 ဩဂုတ် ၂၅


ပရီးမီးယားလိဒ်ပွဲစဉ် (၂) အဖြစ် ဝက်ဟမ်းနဲ့ လက်စတာတို့ ယှဉ်ပြိုင် ကစားခဲ့ရာ   ဝက်ဟမ်းအသင်းက ဒန်ကလန်ရိုက်၊ သောက်မက်စူးချက်၊ အန်တိုနီယိုတို့ အဓိက ကစားသမား တွေနဲ့ ပွဲထွက်လာပြီး လက်စတာက တော့ ဗာဒီ၊ မက်ဒီဆင်၊ တိုင်လီမန်းတို့လို အဓိကကစားသမားတွေနဲ့ ပွဲထွက်လာ ပါတယ်။


ဝက်ဟမ်းအသင်းဟာ လက်စတာ ရဲ့ တန်ပြန်တိုက်စစ်ကို ထိန်းချုပ်ဖို့ သေချာပြင်ဆင်လာပြီး အကောင်းဆုံး တုံ့ပြန်ခဲ့ပါတယ်။ ပွဲချိန် ၂၆ မိနစ်မှာ ဝက်ဟမ်းအသင်းအတွက် ဦးဆောင် ဂိုးကို ပါဘလိုဖော့နာက သွင်းယူပေး ခဲ့ပါတယ်။  လက်စတာအသင်းက ချေပဂိုးရဖို့ တိုက်စစ်မြှင့်တင်ကစား ရင်း ပွဲချိန်မိနစ် ၄၀ မှာ လက်စတာ အသင်း  ကစားသမား အလူဇီပီရက်နဲ့ ဝက်ဟမ်းကစားသမား မတော်တဆ ကြမ်းတမ်းမိလို့ VAR ကို ကြည့်ကာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံ ခဲ့ရပါတယ်။


ဒုတိယပိုင်းစတာနဲ့ တစ်ယောက် အသာနဲ့ ကစားခဲ့ရတဲ့ ဝက်ဟမ်းကပဲ ဖိအားပေးတိုက်စစ်ဆင်  ကစားခဲ့ပါ တယ်။ ပွဲချိန် ၅၆ မိနစ်မှာ အန်တိုနီယို ရဲ့ ဖန်တီးပေးမူကနေ ဘင်ရားမားက ဝက်ဟမ်းအတွက် ဒုတိယဂိုးသွင်းယူ ခဲ့ပါတယ်။


လက်စတာအတွက်  တစ်လုံး တည်းသော ချေပဂိုးကို တိုင်လီမန်း က သွင်းယူခဲ့ပါတယ်။ ဝက်ဟမ်း အတွက် တတိယဂိုးကို မိနစ် ၈၀ မှာ ဒန်ကလန်ရိုက်ရဲ့ဖန်တီးပေးမူကနေ အန်တိုနီယို ကသွင်းယူခဲ့ပါတယ်။ ပွဲချိန် ၈၄ မိနစ်အရောက်မှာ အန်တိုနီယိုကပဲ ဝက်ဟမ်းအတွက် ၄ ဂိုးမြောက် အနိုင်ဂိုး ကိုသွင်းယူပြီး  ပွဲပြီးဆုံးခဲ့ပါတယ်။ ဝက်ဟမ်းအသင်းဟာ  ဒီနေ့ဂိုးပြတ် နိုင်ပွဲကြောင့် အဆင့်-၁ နေရာကနေ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါ တယ်။              






အခြားဆက်စပ်သတင်းများ