နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီဘောလုံးလောက ကနေ ပျောက်ကွယ်သွားခဲ့ရပြီဖြစ်တဲ့ ချီယေဗိုဗီရိုနာ

 ဩဂုတ် ၂၅


 ၁၉၂၉ ခုနှစ်ကတည်းက ထူထောင် ခဲ့ပြီး ပရိသတ်တွေက မြင်းပျံများလို့ ချစ်စနိုးအမည်ပေးထားတဲ့ ချီယေဗို ဗီရိုနာအသင်းကတော့ လက်ရှိဘောလုံး ကမ္ဘာက ပျောက်ကွယ်သွားခဲ့ပါပြီ။


၂၀၀၂ ခုနှစ်ကတောင် စီးရီးအေမှာ အဆင့် (၅) နေရာက ရာသီသိမ်းနိုင်ခဲ့တဲ့ ချီယေဗိုဟာ ၂၀၁၉ ခုနှစ်မှာတော့ စီးရီးအေကနေ တန်းဆင်းသွားခဲ့ရပါ တယ်။ အဲဒီနောက်ပိုင်းမှာ အသင်းဟာ ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေ ခဲ့ရပါတယ်။


စီးရီးဘီမှာ ကစားခွင့်ရှိပေမယ့် ချီယေဗိုဟာ ရာသီသစ်မစခင်မှာ အီတလီဘောလုံးလိဂ်အဖွဲ့ချုပ်ဆီကို တင်ပြရမယ့် ငွေကြေးအင်အားစာရင်း ကို မတင်ပြနိုင်ခဲ့တာကြောင့် စီးရီးဒီကို ဆင်းကစားစေဖို့ ညွှန်ကြားခံခဲ့ရပါတယ်။ ချီယေဗိုအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေ ဟာ အသင်းကို ရင်းနှီးမြှုပ်နှံပေးမယ့် ပိုင်ရှင်သစ်၊ ရင်းနှီးမြှုပ်နှံသူအသစ်ကို အပူတပြင်း ရှာဖွေခဲ့ကြသလိုအသင်း ရဲ့ ဂန္ထဝင်ကစားသမားကြီး ဆာဂျီယို ပယ်လစ္စတာက နောက်ဆုံးမိနစ်အထိ အသင်းကို ရင်းနှီးမြှုပ်နှံပေးမယ့် ပိုင်ရှင် သစ်ရဖို့ ဝိုင်းဝန်းကြိုးစားပေးခဲ့ပါတယ်။ 


ဒါပေမယ့် အရာရာဟာ ချီယေဗို အသင်းအတွက် မျှော်လင့်ခဲ့သလို မဖြစ်လာခဲ့ဘဲ ဩဂုတ် ၂၃ ရက်နေ့မှာ စိတ်မကောင်းခြင်းကြီးစွာနဲ့ အသင်း ကို ဖျက်သိမ်းလိုက်ရပြီလို့ အတည်ပြု ကြေညာသွားခဲ့ရပါတယ်။             (SO)






အခြားဆက်စပ်သတင်းများ