နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွန်ပနီနဲ့ ဒေးဗစ်ဆေးလ်ဗားပုံရုပ်ထုတွေ အီတီဟက်ဒ်ကွင်းရှေ့ပြသသွားမယ့် မန်စီးတီး

 ဩဂုတ် ၂၄


မန်စီးတီတးအသင်းဟာ  ဂန္တဝင် ကစားသမားတွေဖြစ်တဲ့  ကွန်ပနီနဲ့ ဒေးဗစ်ဆေးလ်ဗားတို့ရဲ့ ပုံတူရုပ်ထုတွေ ကို လာမယ့်သြဂုတ်လ ၂၈ ရက်တွင် ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ်နဲ့ ပွဲမတိုင်မီ အီတီဟက်ဒ်ကွင်းရှေ့မှာ ထုတ်ဖော်ပြသသွားဖွယ်ရှိတယ်လို့ သိရ ပါတယ်။ 


မယ်ရာရဲ့ ဖော်ပြချက်အရ ပွဲမစခင် မှာ ဂန္တဝင်ကစားသမားတွေရဲ့ ရုပ်ထု တွေကို ပရိသတ်တွေထံ မန်စီးတီး အသင်း  ချပြသွားဖို့ရှိပါတယ်။ ဆေးလ်ဗား၊ ကွန်ပနီတို့အပြင် အဂူရို ရုပ်ထုကိုလည်း ဂုဏ်ပြုထုလုပ်သွား မည်ဟု စီးတီးဘက်က အတည်ပြု ဖွင့်ဟပြောကြားထားပါတယ်။ 


အန်ဒါလက်ချ်မန်နေဂျာ ဖြစ်နေသူ ကွန်ပနီဟာ စီးတီးအတွက် နှစ်များစွာ ကွင်းတွင်းကွင်းပြင်မှာ အထင်ကရ ကစားသမားအဖြစ် ဦးဆောင်ပေးခဲ့ သူဖြစ်ကာ ပရီးမီးယားလိဂ်ချန်ပီယံ ၄ ကြိမ် ရယူထားပေးခဲ့ပါတယ်။ ဆိုစီဒက်မှာ ကစားနေတဲ့ အသက် ၃၅ နှစ်အရွယ် ကွင်းလယ်လူဟောင်း ဆေးလ်ဗားဟာလည်း ကွန်ပနီနဲ့အတူ ကလပ်ကို အောင်မြင်မှုတွေဆောင်ကျဉ်း ပေးခဲ့သူပါ။ 


ဂန္တဝင်  ကစားသမားတွေရဲ့ ကြိုးစားမှုတွေကြောင့်ဘဲ စီးတီးဟာ ယနေ့တွင် ပရီးမီးယားလိဂ်မှာ အသင်း ကြီး တစ်သင်းအဖြစ် လူရိုသေရှင်ရိုသေ ဖြစ်လာခဲ့ပြီး ကလပ်ဘက်ကလည်း အသင်းအတွက် ပေးဆပ်ခဲ့ကြတဲ့ ၎င်းတို့ နှစ်ယောက်ကို ပြန်လည်အသိအမှတ်ပြုပေးသွားဖို့ပုံတူရုပ်တုများနဲ့ဂုဏ်ပြုပေးခဲ့ ခြင်းပဲ ဖြစ်ပါတယ်။                   

   (SO)






အခြားဆက်စပ်သတင်းများ