နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 စတုတ္တလှိုင်းကြောင့် တောင်ကိုရီးယားတွင် Social Distancing ကန့်သတ်ချက် ထပ်မံတိုးမြှင့်

ဆိုးလ်   ဩဂုတ်   ၂၂


ကိုရိုနာဗိုင်းရပ်စ်    ကူးစက်မှုနှုန်း မြင့်တက်မှုကိုကာကွယ်ရန်   တောင် ကိုရီးယားအနေဖြင့်  လူမှုရေးအကွာ အဝေးကန့်သတ်ချက်ကို နှစ်ပတ်ထပ်မံ တိုးချဲ့လိုက်ကာ     အချို့နေရာများရှိ ပြည်သူများကို ကာကွယ်ဆေးထိုးပေးခဲ့ ကြောင်း ဝန်ကြီးချုပ် Kim Boo-kyum က ပြောကြားလိုက်သည်။ 


နိုင်ငံတွင် စတုတ္ထမြောက် Covid-19 လှိုင်းကိုရင်ဆိုင်နေရပြီး ကူးစက်မှုပိုမို ဆိုးရွားသော ဆိုးလ်ဒေသတွင် ရောဂါ လက္ခဏာအနည်းငယ်ပြသူကို သီတင်း ခြောက်ပတ်အကြာ Social Distancing စည်းမျဉ်းများကို အဆင့် ၄ ဖြင့် နေထိုင် ရန်နှင့် ညနေ ၆ နာရီနောက်ပိုင်းလူနှစ်ဦး ထက်ပိုစုဝေးခြင်းကို     တားမြစ်ခြင်း အပါအဝင် ကန့်သတ်ချက်များ ချမှတ်ခဲ့ သည်။ 


တိုးချဲ့လိုက်သည့်  ကန့်သတ်ချက် တစ်စိတ်တစ်ပိုင်းအဖြစ်၊ မြို့ပြဧရိယာရှိ စားသောက်ဆိုင်များနှင့် ကဖေးများကို စက်တင်ဘာ ၅ ရက်အထိ ည ၉ နာရီ မတိုင်မီပိတ်ရန် လိုအပ်မည်ဖြစ်ကြောင်း မစ္စတာကင်က Covid-19 တုံ့ပြန်မှု အစည်းအဝေးတွင် ပြောကြားထားသည်။ 


နေရာတစ်ခုတည်းတွင် ယခင်က ညနေ ၆ နာရီနောက်ပိုင်း လူနှစ်ဦးသာ စုဝေးခွင့်ရှိသော်လည်း၊    ယခုအခါ ကာကွယ်ဆေးအပြည့်အဝထိုးထားသော အခြားတစ်ဦး (သို့မဟုတ်) နှစ်ဦးဖြင့် ပေါင်းဆက်နိုင်ကြောင်း၊     သို့ရာတွင် နောက်ဆုံးကာကွယ်ဆေးအကျော့ ထိုးပြီး ၁၄ ရက်အကြာမှသာ စုရုံးနိုင်မည်ဖြစ်‌ ကြောင်း မစ္စတာကင်က ပြောကြားသည်။ 


တောင်ကိုရီးယား လူဦးရေ ၅၂ သန်းအနက် ၄၈ ဒသမ ၃ ရာခိုင်နှုန်းကို အနည်းဆုံး  ကာကွယ်ဆေးတစ်ကြိမ် ထိုးပေးပြီး ၂၁ ဒသမ ၆ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့်ထိုးပေးခဲ့ကာ လာမည့်  အောက်တိုဘာလတွင် ၇၀ ရာခိုင်နှုန်းပြည့် ကာကွယ်ဆေးထိုးရန် ရည်မှန်းထားကြောင်း သိရသည်။ 


ရဲခေါင် (ref; BBC)






အခြားဆက်စပ်သတင်းများ