နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝါရှင်တန်တွင် ဖောက်ခွဲရေးပစ္စည်းနှင့် ခြိမ်းခြောက်မှု မသင်္ကာသူအမျိုးသား ဖမ်းဆီးခံရ

ဝါရှင်တန်   ဩဂုတ်   ၂၁


အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်ရှိ   ကားတစ်စင်းပေါ်တွင်ဖောက်ခွဲရေးပစ္စည်းများ ပါလာသည်ဟု သံသယရှိသူအမျိုးသားတစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ဖမ်းဆီး ခံရသူမှာ   မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွင်နေထိုင်သူ အသက် ၄၉နှစ် အရွယ် Floyd Ray Roseberry ဆိုသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ သည်။ 


ဖြစ်စဉ်မှာ ဝါရှင်တန်ဒီစီမြို့တော်ရှိ လွှတ်တော်အဆောက်အဦးအနီး ကွန် ဂရက်  လွှတ်တော်စာကြည့်တိုက်ရှေ့၊ လူသွားလမ်းပေါ် ကားတစ်စင်းရပ်ထား တဲ့အကြောင်း   သတင်းရသည့်အတွက် ရဲတပ်ဖွဲ့က   သွားရောက်စစ်ဆေးရာ ကားမောင်းသူက ယင်း၏ ကားပေါ်တွင် ဗုံးပါလာကြောင်း ရဲကိုပြောခဲ့ကာ လက်ထဲ တွင်လည်း  ဖောက်ခွဲရေးစနက်တံကို ကိုင်ထားပုံတွေ့ခဲ့ရကြောင်း ရဲချုပ် Tom Manger က  သတင်းထောက်များကို ပြောသည်။ 


စာကြည့်တိုက်နှင့်   လွှတ်တော် အဆောက်အဦးများရှိ   လူများကို ဘေးလွတ်ရာရွှေ့ပေးခဲ့ရပြီး မသင်္ကာသူ ကားသမားနှင့်    ရဲတပ်ဖွဲ့ဝင်များမှာ ဆက်လက် ဆက်သွယ်ပြောဆိုခဲ့ကာ ရဲတပ်ဖွဲ့ဝင်များကို    ကားသမားက စာရေးပြ ဆက်သွယ်ပြောဆိုခဲ့ကြောင်း သိရသည်။ 


ကားအတွင်း ဖောက်ခွဲရေးပစ္စည်း များ အမှန်တကယ်ပါခြင်း ရှိ၊ မရှိ ကိုမူ ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခြင်းမရှိသေး သော်လည်း  အဆိုပါအမျိုးသားကိုမူ သံသယဖြစ်ဖွယ်လူအနေဖြင့်  ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ 

ရဲခေါင် (ref; BBC)






အခြားဆက်စပ်သတင်းများ