နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန်၏ ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရန် တာလီဘန်များကို ယူနက်စကို သတိပေး

နယူးယောက်   ဩဂုတ်   ၂၁


အာဖဂနစ္စတန်နိုင်ငံတွင် ယဉ်ကျေးမှု အမွေအနှစ်များကို    ကာကွယ်စောင့် ရှောက်ရန်    ကုလသမဂ္ဂယဉ်ကျေးမှု ထိန်းသိမ်းရေးဌာန   UNESCO  က တိုက်တွန်းလိုက်ပြီး၊ အမွေအနှစ်များ ပျက်စီးဆုံးရှုံးမှုကြောင့် နောက်ဆက်တွဲ ငြိမ်းချမ်းရေးကို   ထိခိုက်နိုင်ကြောင်း သတိပေးလိုက်သည်။ 


အာဖဂန်နစ္စတန်နိုင်ငံသည် တိုင်းပြည် သမိုင်းနှင့်    ကြန်အင်လက္ခဏာကို ထင်ဟပ်နေသည့် အမွေအနှစ်မျိုးစုံနှင့် ကြွယ်ဝသည့်    တိုင်းပြည်တခုဖြစ်ပြီး လူ့သမိုင်းအတွက်လည်း  အရေးကြီး သည့်အတွက် ထိန်းသိမ်းစောင့်ရှောက် ရန်လိုအပ်ကြောင်း UNESCO ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။  


မကြာသေးမီက  တာလီဘန်များ တိုင်းပြည်အာဏာထိန်းချုပ်လိုက်ပြီး နောက် ကဘူးလ်မြို့တော်ရှိ အမျိုးသား ပြတိုက်နှင့် UNESCO ကမ္ဘာ့အမွေအနှစ် နယ်မြေအဖြစ်     သတ်မှတ်ထားသည့် ဒေသများရှိ သမိုင်းဝင်ယဉ်ကျေးမှုများ ပျက်စီးဆုံးရှုံးမည်ကို ကျွမ်းကျင်သူများ က စိုးရိမ်နေခြင်းဖြစ်သည်။ 


တာလီဘန်များသည်  လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကလည်း Bamiyan ဒေသရှိ တောင်နံရံတွင် ထွင်းထုထားသောဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးများကို  ဖျက်ဆီးခဲ့ ဖူးကာ တမင်ဖျက်ဆီးခဲ့သည့် အဆိုပါ လုပ်ရပ်မှာ ယဉ်ကျေးမှု၊ သမိုင်းအမွေ အနှစ်ကို  ဖျက်ဆီးရာရောက်ရုံသာမက ဒေသခံလူမှုအသိုင်းအဝိုင်းကို  ထိခိုက် စေသည့် လက်နက်တစ်ခုဖြစ်ခဲ့ကြောင်း UNESCO က ပြောကြားခဲ့သည်။ 

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ