နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရကီတပ်ဖွဲ့၏ ဒရုန်းဖြင့်တိုက်ခိုက်မှု စစ်သွေးကြွလက်နက်ကိုင် ၁၈ ဦး သေဆုံး

အန်ကာရာ   ဩဂုတ်   ၂၁


အီရတ်နိုင်ငံမြောက်ပိုင်း ဆင်ဂျာမြို့ အနီးသို့  တူရကီတပ်ဖွဲ့က ဒရုန်းဖြင့် လေကြောင်းမှတိုက်ခိုက်ခဲ့ရာ တူရကီ ကာဒစ်စ္စတန် အလုပ်သမားပါတီ (PKK) မှ စစ်သွေးကြွလက်နက်ကိုင်အနည်းဆုံး ၁၈ ဦးသေဆုံးခဲ့ကြောင်း ကာဒ့်လုံခြုံရေး သတင်းများတွင်ဖော်ပြသည်။


တူရကီ မောင်းသူမဲ့ဒရုန်းများက နီဗက်ရှ်ပြည်နယ်မြို့တော်    မိုဆူးလ် အနောက်ဘက် ကီလိုမီတာ ၁၀ဝ  အကွာ ဆင်ဂျာမြို့အနီးကျေးရွာရှိ PKK တပ်ဖွဲ့ ဝင်များက ဆေးပေးခန်းအဖြစ်အသုံးပြု နေသည့်  စာသင်ကျောင်းကို  ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 


သေဆုံးသူများထဲတွင် အကြီးတန်း ခေါင်းဆောင်မက်ဒ်ဟို လွန်ရိုစီလည်း ပါဝင်ခဲ့ပြီး အပျက်အစီးများအောက်တွင် အခြားသေဆုံးသူများလည်းရှိနေသေး ကြောင်း ကာဒစ်ပက်ရှ် မာဂါလုံခြုံရေး တပ်ဖွဲ့၏ တပ်မှူး လွစ်မန်ဂေလီက ပြော ကြားသည်။ ယခုတိုက်ခိုက်ခံရသည့် တူရကီ ကာဒစ်စ္စတန်အလုပ်သမား ပါတီ (PKK) သည် တူရကီ၊ အမေရိကန် နှင့် ဥရောပသမဂ္ဂတို့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် စာရင်းသွင်းထား ခြင်းခံရသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။


မျိုးဝင်း (ref ; AFP)







အခြားဆက်စပ်သတင်းများ