နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အခြေအနေထက် အီရန်နှင့်ဆက်ဆံရေးဖွံ့ဖြိုးရန် စိတ်အားထက်သန်ကြောင်း တရုတ်ပြောကြား

ဘေကျင်း   ဩဂုတ်   ၂၁


ကမ္ဘာ့အခြေအနေပြောင်းလဲမှုဖြစ်စဉ်များထက် တရုတ်အနေဖြင့် အီရန်နိုင်ငံနှင့် ဆက်ဆံရေးဖွံ့ဖြိုးရန်သာ စိတ်အားထက်သန်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အီရန်သမ္မတ အီဗရာဟင်ရိုင်စီနှင့် ဖုန်းဖြင့်ဆက်သွယ်ရာတွင် ပြောကြားသည်။ 


တရုတ်-အီရန် ဆက်ဆံရေးသည် လွန်ခဲ့သော နှစ်  ၅၀ က စတင်ထူထောင်ပြီးနောက် နိုင်ငံတကာအခြေအနေအပြောင်းအလဲများကို ခံနိုင်ရည်ရှိကြောင်း သမ္မတရှီက ပြောကြားပြီး ပြည်သူနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုသည် အချိန်ကာလစမ်းသပ် မှုကိုခံနိုင်ကြောင်း ပြောသည်။ 

ကမ္ဘာတဝန်းမကြုံဖူးသော အပြောင်းအလဲများပေါ်ပေါက်ပြီး   ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်သာတွေ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကိုလည်း ရင်ဆိုင်နေရချိန်တွင် တရုတ်နှင့် အီရန်နိုင်ငံတို့သည် အကောင်း၊ အဆိုးများကို မျှဝေခံစားပြီး အပြန်အလှန် ကူညီရမည်ဖြစ်ကြောင်း ရှီက ထောက်ပြခဲ့သည်။ 


တရုတ်နိုင်ငံသည် အီရန်နိုင်ငံက ၎င်းတို့အမျိုးသားအချုပ်အခြာနှင့်ဂုဏ်သိက္ခာကို ကာကွယ်ရန်နှင့် ပြည်ပစွက်ဖက်မှုကိုဆန့်ကျင်ရန် အားထုတ်မှုများကို ထောက်ခံ ကြောင်း ရှီက ပြောသည်။ ရိုင်စီကလည်း တရုတ်ပြည် ကွန်မြူနစ်ပါတီရာပြည့် အထိမ်းအမှတ်နှင့် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ယူကြောင်း ပြောခဲ့သည်။ 

ထို့ပြင် Covid တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ အဖိုးတန်သော အထောက် အကူများအပေါ် အီရန်က တရုတ်ကို ကျေးဇူးတင်ကြောင်းလည်း ရိုင်စီက ပြောကြား ထားသည်။ 

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ