နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှား တိုက်လေယာဉ်ပျက်ကျ၊ လေယာဉ်မှူး သေဆုံး

မော်စကို     ဩဂုတ်   ၂၀


ရုရှားနိုင်ငံ အနောက်တောင်ပိုင်းတွင် တိုက်လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လေယာဉ်မှူးသေဆုံးခဲ့ကြောင်း ရုရှားသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရ သည်။ ရုရှား MiG-29 တိုက်လေယာဉ်တစ်စင်းသည် နိုင်ငံအနောက်တောင်ပိုင်း Astrakhan ဒေသ၌ ပုံမှန်ပျံသန်းမှုပြုလုပ်စဉ်ပျက်ကျသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။ 


“ဩဂုတ် ၁၈ ရက်က Astrakhan ဒေသမှာ ပျံသန်းမှုအစီအစဉ်တစ်ခုအတွင်း ပျက်ကျသွားတာပါ။ လေယာဉ်က Ashuluk တောင်ရိုးတန်းတလျှောက် လူသူ ကင်းမဲ့တဲ့ ကန္တာရနေရာတစ်ခုမှာပျက်ကျသွားပါတယ်”ဟု ရုရှားနိုင်ငံ တောင်ပိုင်း တိုင်းစစ်ဌာချုပ်က ပြောကြားသည်။ 


အဆိုပါ လေယာဉ်သည် လက်နက်ခဲယမ်းမပါဘဲ ပျံသန်းခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူး သေဆုံးသွားကြောင်း ဖော်ပြထားသည်။ ပျက်ကျမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရန် အခင်းဖြစ်နေရာသို့ လေကြောင်းပျံသန်းမှုတပ်ဖွဲ့၏ အဆင့်မြင့် တပ်ရင်းတပ်ဖွဲ့မှ  ကော်မရှင်တစ်ခုက  သွားရောက်ခဲ့ကြောင်းလည်း ထည့်သွင်း    ဖော်ပြခဲ့သည်။                                                                    မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ