နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်သမ္မတ UAE သို့ ခိုလှုံရောက်ရှိ

ဒူဘိုင်း    ဩဂုတ်   ၂၀


အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန် များသိမ်းပိုက်ချိန် နိုင်ငံက တိမ်းရှောင် သွားသည့်သမ္မတ  Ashraf Ghani   သည် အာရပ်စော်ဘွားများ   ပြည်ထောင်စု (UAE)သို့ရောက်ရှိနေကြောင်း ကြေညာ ချက်ထွက်ပေါ်လာသည်။ လူသားချင်း စာနာထောက်ထားသည့်အနေဖြင့် အာဖဂန်သမ္မတနှင့် မိသားစုကိုကြိုဆို ခဲ့ကြောင်း UAE  နိုင်ငံခြားရေးနှင့် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။ 


UAE က အတည်မပြုသေးခင်အချိန် အထိ  အာဖဂန်သမ္မတသည်   အိုမန်၊ တာဂျစ်စတန်၊  ဥဇဘတ်ကစ္စတန်နိုင်ငံ တစ်ခုခုသို့ရောက်နေသည်ဟု  ခန့်မှန်းခဲ့ ကြပြီး ကဘူးလ်မြို့တော်ကိုခုခံမှုမရှိဘဲ သိမ်းပိုက်နိုင်ခဲ့သည့်  တာလီဘန်များ ရောက်မလာခင်ကပင် သမ္မတက နိုင်ငံမှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ 


နိုင်ငံက ထွက်ခွာချိန်တွင် ငွေကြေး အမြောက်အမြား ယူဆောင်သွားသည် ဆိုသည့် သတင်းများထွက်ပေါ်နေခြင်း မှာလည်း မမှန်ကန်ကြောင်း သမ္မတက ငြင်းဆန်ခဲ့ပြီး အကောက်ခွန်အရာရှိ များထံ စုံစမ်းနိုင်ကြောင်း ပြောသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ အချိန် တိုအတွင်း  တာလီဘန်များ ပြန်လည် သိမ်းပိုက်လိုက်သည့်အပေါ် အံ့အားသင့် မိကြောင်းပြောဆိုထားပြီး    တပ်များ ရုပ်သိမ်းရန် ဆုံးဖြတ်ချက်မှာ  မှန်ကန် ကြောင်းလည်း    ကာကွယ်ပြောဆိုခဲ့ သည်။                      ရဲခေါင် (ref; AP)






အခြားဆက်စပ်သတင်းများ