နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်အရေးကိစ္စကို အွန်လိုင်းမှ G-7 ခေါင်းဆောင်များနှင့်အစည်းအဝေးလုပ်ရန် ဗြိတိန်စီစဉ်

လန်ဒန်    ဩဂုတ်   ၂၀


ဗြိတိန်ဝန်ကြီးချုပ်  ဘောရစ်ဂျွန် ဆင်သည်  လာမည့်ရက်များအတွင်း အာဖဂန်နစ္စတန်အရေးနှင့်ပတ်သက်ပြီး G-7 ခေါင်းဆောင်များအစည်းအဝေးကို လက်ခံကျင်းပရန် အစီအစဉ်ရှိကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။ တာလီဘန်တို့က မြို့တော်ကဘူးလ်ကို တနင်္ဂနွေနေ့က ထိန်းချုပ်ခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြင်သစ် သမ္မတ အင်မနူရယ်မက်ခရွန်နှင့် အာဖဂန်နစ္စတန်၏ အခြေအနေကို ဖုန်းဖြင့်ခေါ်ဆိုဆွေးနွေးခဲ့ပြီး    G7 ခေါင်းဆောင်များအကြား  အာဖဂန် နစ္စတန်၏အခြေအနေကို virtual စနစ်ဖြင့်တွေ့ဆုံပွဲကျင်းပရန်    သူ၏ ရည်ရွယ်ချက်ကို ဂျွန်ဆင်က ပြောကြား ခဲ့ခြင်းဖြစ်သည်။ 


ဖုန်းခေါ်ဆိုမှုတွင်    ဂျွန်ဆင်က နိုင်ငံတကာအသိုင်းအဝိုင်းတွေ အာဖဂန် နစ္စတန်ကို အတူတကွ တစ်ပေါင်းတစ် စည်းတည်းချဉ်းကပ်ဖို့ လိုအပ်ကြောင်း အလေးအနက်ပြောခဲ့ပြီး  လူသားချင်း စာနာထောက်ထားမှုနှင့်  ဒုက္ခသည် အကျပ်အတည်း နှစ်ခုစလုံးကိုကာကွယ် ရန်အတွက် အနာဂတ်တွင်ဖြစ်လာမည့် မည်သည့် အစိုးရကိုမဆို ချဉ်းကပ်မှု လုပ်ဆောင်ရန်လိုကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။

 

၂၀ဝ၁ ခုနှစ်တွင် အမေရိကန်ဦး ဆောင်သော နိုင်ငံခြားတပ်ဖွဲ့များနိုင်ငံ ကိုသိမ်းပိုက်ပြီးနောက် အနှစ် ၂၀နီးပါး အတွင်း    ပထမဆုံးအကြိမ်အဖြစ် တာလီဘန်များသည် တနင်္ဂနွေနေ့က ကဘူးလ်သို့ဝင်ရောက်ခဲ့ကာ အာဖဂန် နစ္စတန်ကို ထိန်းချုပ်ခဲ့ပြီးနောက် သမ္မတ အာရှက်ဖ်ဂ္ဂါနီနိုင်ငံမှ   ထွက်ခွာသွားပြီး အာဖဂန်အစိုးရမှာလည်း ပြိုလဲသွားခဲ့ သည်။                      ရဲခေါင် (Ref ;AFP)






အခြားဆက်စပ်သတင်းများ