နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီးများ အစိုးရအဖွဲ့တွင်ပါဝင်ရန် တာလီဘန်တိုက်တွန်း

ကဘူးလ်    ဩဂုတ်   ၁၉


တာလီဘန်များအနေဖြင့်အာဖဂန် နစ္စတန်ကိုသိမ်းပိုက်ပြီး ရက်အနည်း ငယ်အကြာတွင် တာလီဘန်ထိပ်တန်း အရာရှိတစ်ဦးက နိုင်ငံတစ်ဝန်းရှိ လူတိုင်း အတွက်  အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်ကိုကြေငြာခဲ့ပြီး အစိုးရအဖွဲ့သို့ အမျိုး သမီးများဝင်ရောက်ရန်   တိုက်တွန်း လိုက်သည်။ 


တာလီဘန်ယဉ်ကျေးမှုကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အင်နာမူ လက်ရှ် ဆာမန်ဂါနီက    အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများအနေဖြင့် အကြောင်းမဲ့ ကြောက်ရွံ့စရာအကြောင်းမရှိကြောင်း        အာဖဂန်အစိုးရရုပ်သံ၌  ပြောကြားခဲ့ သည်။ 


အစ္စလာမ္မစ်ဘုရင့်နိုင်ငံတွင် အမျိုး သမီးများကို သားကောင်မဖြစ်စေလို ကြောင်း၊ ထို့ပြင် အစိုးရဖွဲ့စည်းပုံမှာ အပြည့်အဝ   ရှင်းရှင်းလင်းလင်းမဖြစ် သေးသည့်အတွက် အတွေ့အကြုံပေါ် မူတည်ပြီး   အစ္စလာမ္မစ်ဦးဆောင်မှု အပြည့်အဝရှိမှုနှင့်  ကျား/မ အားလုံး ပါဝင်သင့်ကြောင်း      ဆာမန်ဂါနီက ဖြည့်စွက်ပြောကြားသည်။

 

ဒေသတွင်းသတင်းဌာနများ၏ အစီ ရင်ခံစာဖော်ပြမှုတွင်မူ တာလီဘန်များ သည် ယင်းတို့အာဏာရခဲ့ပြီးသည့် နောက်ဆုံးအချိန်အထိ    အမျိုးသမီး များကို  နေအိမ်တွင်သာ အများဆုံး ချုပ်နှောင်ထားခဲ့ကြောင်း  သိရသည်။ ထို့ပြင် တာလီဘန်များ၏ စည်းကမ်း ချိုးဖောက်သူများကို  လူအများရှေ့ မှောက်တွင်ပင် ကွပ်မျက်ခဲ့ကြောင်းဝန်ခံ ထားသည်။            ရဲခေါင် (Ref : AFP)






အခြားဆက်စပ်သတင်းများ