နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာထူးမှ နုတ်ထွက်ထားသော မလေးရှားဝန်ကြီးချုပ်ကို အိမ်စောင့်အစိုးရအကြီးအကဲအဖြစ် ယာယီဆက်ခန့်

ကွာလာလမ်ပူ    ဩဂုတ်   ၁၉


မလေးရှားနိုင်ငံတွင်    နိုင်ငံရေးပြဿနာများ  လချီ၍ ပေါ်ပေါက်ခဲ့ပြီးနောက် သြဂုတ်လ ၁၆ ရက်က နုတ်ထွက်လိုက် သည့် နိုင်ငံဝန်ကြီးချုပ် Muhyiddin Yassin ကို မလေးရှား ဘုရင်က အိမ်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ် လတ်တလော တွင် ယာယီဆက်ခန့်ထားကြောင်း သိရသည်။ 


ဝန်ကြီးချုပ် Yassin နှင့် ယင်း၏ ဝန်ကြီးအဖွဲ့ နုတ်ထွက်လွှာ များကို အရေးပေါ် ကတ်ဘိနက် အစည်းအဝေးပြီးချိန် အနည်း ငယ်အကြာတွင် ဘုရင် Al-Sultan Abdullah ထံ တင်သွင်းခဲ့ကာ လွှတ်တော်အမတ်အများစု၏ ထောက်ခံမှုမရတော့သည့် အတွက်  ယခုလိုနုတ်ထွက်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် Yassin က နုတ်ထွက်စာတင်အပြီး တစ်နိုင်ငံလုံးကို ထုတ်လွှင့် သည့် ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ 


ဝန်ကြီးချုပ် Yassin ရာထူးက နုတ်ထွက်လိုက်သော်လည်း လတ်တလောမလေးရှားတွင်  Covid  ကပ်ဘေးကြောင့် ရွေးကောက်ပွဲများကျင်းပရန်မဖြစ်နိုင်ခြင်းကြောင့် လတ်တလော အိမ်စောင့်အစိုးရတွင် ဝန်ကြီးချုပ် Yassin ကသာ ဝန်ကြီးချုပ် အဖြစ် ဘုရင်က ယာယီဆက်ခန့်ထားခြင်းဖြစ်ကြောင်း ဘုရင့် နန်းတော်က ဖြေရှင်းချက်ထုတ်ထားသည်။ 


ဝန်ကြီးချုပ်သစ် မခန့်ခင်အချိန်အထိ Yassin အနေဖြင့် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူမည် ဖြစ်ကာ ဝန်ကြီးချုပ် Yassin ကမူ အစိုးရလုပ်ငန်းဆောင်တာ များရပ်တန့်မသွားစေရန် အစိုးရအဖွဲ့သစ်ချက်ချင်း ဖွဲ့စည်း နိုင်ရန်ကိုသာ မျှော်လင့်ကြောင်း ပြောသည်။


မျိုးဝင်း (ref; BBC)






အခြားဆက်စပ်သတင်းများ