နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကဘူးလ်လေဆိပ်ရှိ စီးပွားရေးလုပ်ငန်းသုံး လေကြောင်းခရီးစဉ်များ ပယ်ဖျက်

ကဘူးလ်    ဩဂုတ်   ၁၉


ကဘူးလ်လေဆိပ်မှ  စီးပွားရေး လုပ်ငန်းသုံး လေကြောင်းခရီးစဉ်များ အားလုံး ပယ်ဖျက်လိုက်ကြောင်းအာဖဂန် နစ္စတန်နိုင်ငံ မြို့ပြလေကြောင်းအာဏာ ပိုင်က   သတင်းထုတ်ပြန်လိုက်သည်။ ဩဂုတ် ၁၅ ရက်က တာလီဘန်လက် အောက်သို့ ကဘူးလ်မြို့ ကျရောက်သွား ခြင်းနှင့် စိုးရိမ်ကြောက်ရွံ့မှုများအကြား အာဖဂန်ပြည်သူအများအပြား ရွှေ့ပြောင်း မှုများကြောင့်  လေကြောင်းခရီးစဉ် များကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ 


ကစဉ့်ကလျားအခြေအနေများ အတွင်း  လေဆိပ်သို့ ခရီးသည်များ အသည်းအသန်သွားရောက်မှုများက ခိုးဆိုးလုယက်ခြင်းနှင့်  အခြားပုံမှန် မဟုတ်သော အခြေအနေသို့ ဦးတည် စေနိုင်ကြောင်း ပြောကြားလျက် ပုံမှန် အခြေအနေသို့ ဆောလျင်စွာပြန်လည်ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ကြောင်း မြို့ပြလေကြောင်း အာဏာပိုင်က ထုတ် ပြန်ချက်၌ ပြောကြားထားသည်။ 


မြို့ပြလေကြောင်းအာဏာပိုင် အနေ ဖြင့်လည်း လေကြောင်းခရီးစဉ်များအား ဖြစ်နိုင်သမျှမြန်မြန် ပြန်လည်ပြေးဆွဲ နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ကဘူးလ် မြို့ခံများ အနေဖြင့် ယင်းတို့၏ အသက်နှင့်အိုးအိမ် ပိုင်ဆိုင်မှုများအား ဘေးကင်းလုံခြုံမှုရှိ စေမည်ဖြစ်ပြီး  ၎င်းတို့၏ လုပ်ငန်း ဆောင်တာများ ဆက်လက်လုပ်ဆောင် နိုင်ကြောင်း တာလီဘန်က ထုတ်ပြန် ချက်၌ ပြောကြားထားသည်။

မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ