နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီရိလင်္ကာတွင် COVID-19 ကာကွယ်ဆေးစက်ရုံတည်ဆောက်ရန် တရုတ်ပြင်ဆင်

နယူးဒေလီ    ဩဂုတ်   ၁၉


တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech က  သီရိလင်္ကာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးစက်ရုံ  မကြာမီ တည်ဆောက်မည်ဖြစ်ကြောင်း အိန္ဒိယ အင်္ဂလိပ်နေ့စဉ်သတင်းစာ Hindustan Times တွင် သတင်းဖော်ပြထားသည်။ 


အဆိုပါစက်ရုံကို Southern ပြည်နယ် ဟမ်ဘန်တိုတာခရိုင်၏  အဓိကမြို့ဖြစ် သော ဟမ်ဘန်တိုတာရှိ ဆေးဝါးထုတ် လုပ်ရေးဇုန်တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ သီရိ လင်္ကာနိုင်ငံ သံအမတ်ကြီး  Palitha Kohona က ပြောကြားသည်။ 


သီရိလင်္ကာနိုင်ငံတွင် COVID-19 ကာကွယ်ဆေး တောင်းဆိုချက်မြင့်မား လာခြင်းကြောင့် ယခုနှစ် အစောပိုင်း၌ ယင်းဇုန်အတွင်း ကာကွယ်ဆေးစက်ရုံ တည်ဆောက်ရန် သီရိလင်္ကာနိုင်ငံပိုင် State Pharmaceutical Corporation (SPC) က တရုတ်နိုင်ငံ အစိုးရနှင့်အနီးကပ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း   သိရ သည်။ 


ထို့နောက် SPC and Sinovac တို့ သည် သဘောတူညီချက်ကို အပြီးသတ် ဆောင်ရွက်ခဲ့ကြောင်း၊  လက်ရှိတွင် စက်ရုံအသေးစိတ်အချက်အလက်များ မှာမူ    လုပ်ဆောင်နေဆဲဖြစ်ကြောင်း Kohona က ဆိုသည်။ သဘောတူညီ ချက်အရ    သီရိလင်္ကာအနေဖြင့် COVID-19 ကာကွယ်ဆေး ၉ သန်းကို ရရှိမည် ဖြစ်သည်။    ရဲခေါင် (ref; BBC)






အခြားဆက်စပ်သတင်းများ