နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟေတီတွင် လူထောင်ချီသေဆုံးသောငလျင်ဖြစ်ပွားပြီး အပူပိုင်းမုန်တိုင်း ဆက်လက်ဝင်ရောက်

ဂျာရီမိ    ဩဂုတ်   ၁၉


ဟေတီနိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ငလျင်ဒဏ်သင့်ခဲ့ပြီးနောက် အပူပိုင်း လေဖိအားနည်းရပ်ဝန်း Grace မုန်တိုင်းဝင်ရောက်တိုက်ခတ်ကာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှု ထပ်မံကြုံတွေ့ခဲ့ရကြောင်း သိရသည်။ အပူပိုင်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာသည့် Grace မုန်တိုင်း ဖြတ်သန်းတိုက်ခတ်နေခြင်းသည် ဟေတီ နိုင်ငံတောင်ပိုင်းတွင် မိုးရေချိန် ၃၈ စင်တီမီတာအထက်ထိရောက်ရှိနိုင်ပြီး ရုတ်တရက် ရေကြီးမြေပြိုမှုအန္တရာယ်ပါရှိလာနိုင်ကြောင်း အမေရိကန် ဟာရီကိန်း စောင့်ကြည့် ဌာနက ခန့်မှန်းထားသည်။ 


ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြင်းအား ၇ ဒသမ ၂ မဂ္ဂနီကျူရှိတဲ့ ငလျင်ဒဏ်ကို အဆိုးဆုံးခံရသည့် ဟေတီနိုင်ငံတောင်ပိုင်းတွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဘေးလွတ်ရာ ရွှေ့ပြောင်းရသူများအတွက် အကူအညီ အထောက်အပံ့ပေးရေးကိုပါ ထိခိုက်သက်ရောက်နိုင်ကြောင်း၊ လက်ရှိတွင် ငလျင် ကြောင့် သေဆုံးသူအရေအတွက် ၁၄၁၉ ဦးအထိရှိလာပြီဖြစ်ကြောင်း ဟေတီ အာဏာပိုင်များက ပြောကြားသည်။ 


အနည်းဆုံး လူပေါင်း ၆,ဝ၀ဝ ကျော် ဒဏ်ရာရထားပြီး လူနာတွေပြည့်နေတဲ့ ဆေးရုံတွေမှာ ကုသနိုင်ခွင့်ရရေးကြိုးစားနေကြရသည်။ UN အနေဖြင့်လည်း လက်ရှိကာလတွင် ဟေတီသို့ရောက်ရှိနေပြီး အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊                                     ရေသန့်ရရှိရေးနဲ့ အရေးပေါ်အမိုးအကာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဒေါ်လာ ၈ သန်း အရေးပေါ် ရန်ပုံငွေအဖြစ်ချထားပြီးကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ထုတ်ပြန်ကြေညာထားသည်။               ရဲခေါင် (ref; AFP)






အခြားဆက်စပ်သတင်းများ