နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီတီးကို ဂိုးလိုချင်ရင်ဂိုးလိုက်မုဆိုးရှိမှ ဖြစ်မယ်လို့ ပြောတဲ့ ဂရေမီဆောင်းနက်စ်‌

ဩဂုတ် ၁၈


စပါးအိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးသွားတဲ့ မန်စီတီးဟာ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းရှိပေမယ့် ကောင်တာ ပေါက် ပြီး ရှုံးသွားခဲ့ရတယ်။ စပါးအသင်းကို ဂိုးတွေ တစ်ဒိုင်းဒိုင်းသွင်းတာတောင် တစ်ဂိုးမှ  မရတာနဲ့ပတ်သက်ပြီး လီဗာပူးကစားသမားဟောင်း ဂရေမီ ဆောင်းနက်စ်က မန်စီတီး အဲ့ဒီအတိုင်း ဆိုရင် ဒီရာသီမှာ နားကားသွားမယ်လို့ ဆိုလိုက်ပါတယ်။


“မန်စီတီးကတိုက်စစ်မှူးကောင်း ကောင်းတစ်ယောက်ဝယ်ရလိမ့်မယ်။ လက်တွေ့ကျကျ သိပ္ပံနည်းကျကျ စဉ်းစားတာပါ။ ပြီးခဲ့တဲ့နောက်ဆုံး ၄ နှစ်မှာ ဖလား ၃ လုံးရယူနိုင်ခဲ့တယ်။ ကွင်းလယ်သမားတွေကို ဗဟိုပြုပြီးတိုက်စစ်ကိုပုံဖော်တယ်။ အားလုံးဝိုင်း သွင်းဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။ တစ် နှစ်ကို ဂိုး၂၀ လောက်သွင်းတဲ့ တိုက်စစ် မှူးကောင်းကောင်း တစ်ယောက် လောက်တော့ဝယ်ထားသင့်တယ်၊ ပရီး မီးယားလိဂ်မှာ ကစားပုံတစ်ခုအောင်မြင် တယ်ဆိုတာနှစ်အကြာကြီးမခံဘူး။ အဲ့ဒီကစားကွက်တွေကိုဘယ်လိုဖျက်ရမလဲဆိုတာကိုအခြားအသင်းတွေကအမြဲ စဉ်းစားနေကြတာ။


ဥပမာပြောရရင်အာ ကြီးရဲ့ဘောလုံး ကိုင်ကစားတဲ့စနစ်နဲ့ ၄၉ ပွဲ ရှုံးပွဲမရှိ စံချိန်ကိုမန်ယူက ဇာတ်တိုက်ကစားတဲ့ဟန်နဲ့ဖျက်ပစ်လိုက်သလိုမန်ယူရဲ့ဟန်ကိုလည်းချယ်ဆီးက ကွင်းလယ်အဖျက် နဲ့ခံစစ်ပိတ်ကစားခဲ့တဲ့ကစားဟန်နဲ့ချေဖျက်ခဲ့ကာ နောက်မန်စီးတီးကအသင်း လိုက်လှုပ်ရှားမှုနဲ့ပြန်ပြီးချေဖျက်လိုက် နိုင်ခဲ့တယ်။ အဲ့လိုကစားဟန်အသီးသီးတိုင်းမှာအွန်နရီ၊နစ္စတယ် ရွိုင်း၊ ဒရောဘာတို့လိုအထောင်တိုက်စစ်မှူးတွေထားပြီးဂိုးတွေယူခဲ့ကြပါတယ်၊ 


မန်စီတီးကအထောင် တိုက်စစ်မှူး မရှိဘဲသွားရင်ရေရှည်မှာ အလုပ်မဖြစ် ပါဘူး။ ဂိုးလိုချင်ရင်ဂိုးလိုက်တဲ့မုဆိုးတစ်ယောက်တော့ရှိမှဖြစ်မယ်” လို့ ဆိုလိုက်ပါတယ်။

  

 (SO)






အခြားဆက်စပ်သတင်းများ