နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်တွင် မိုးကြီးပြီး ရွှံ့မြေပြိုမှုများကြောင့် လူ သေဆုံး၊ ပျောက်ဆုံးများရှိနေ

တိုကျို   ဩဂုတ်   ၁၈


ဂျပန်နိုင်ငံ၌    မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေပြီး ရွှံ့မြေပြိုမှုများ ကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၅ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ် ကြောင်းနှင့် ဘေးအန္တရာယ်ခြိမ်းခြောက် မှုများရှိနေသေးသဖြင့်     ပြည်သူများ သတိရှိစွာနေထိုင်ကြရန်    ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီက    ထပ်မံ၍ တိုက်တွန်းထားသည်။ 


ဂျပန် နိုင်ငံ မိုးလေဝသ အေဂျင်စီက ယခု သီတင်းပတ်၌ ဂျပန်ကျွန်းစုများပေါ် တွင် လေကြောင်းထိပ်တိုက်ဦးတည်မှု ဆက်လက်တည်ရှိနေသဖြင့် လာမည့် ရက်များအတွင်း ဂျပန်နိုင်ငံအနောက် ပိုင်းမှ အရှေ့မြောက်ပိုင်းဒေသများရှိ ကျယ်ပြန့်သောနေရာများတွင် မိုးသည်း ထန်စွာရွာသွန်းမှုများ     ဖြစ်ပေါ်နိုင် ကြောင်း ပြောကြားခဲ့သည်။ 


ပြီးခဲ့သော  ရက်အနည်းငယ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကုန်းမြေများသည် ရေဝပ်မှုဖြစ်ပွားခဲ့ရာ နောက်ထပ် မိုးအနည်းငယ်ရွာရုံမျှဖြင့် ဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်ကြောင်း အေဂျင်စီက ထည့်သွင်းပြောကြားခဲ့ပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများအား သတိပေးထားကြောင်း သိရသည်။ 


ဩဂုတ် ၁၇ ရက် အထိဂျပန်နိုင်ငံ၏ စီရင်စု ၄၇ စုအနက် ၁၇ စုတွင် မိုးရွာသွန်း ပြီး ရွှံ့မြေပြိုမှု ၆၂ မှု ဖြစ်ပွားခဲ့ကြောင်း၊ စီရင်စု ၉ ခုရှိ မြစ် ၃၆ စင်းသည် မြစ် ကမ်းပါးတာပေါ် ရေကျော်မှုများဖြစ်ပွား ခဲ့ကြောင်းနှင့်      လူနေအိမ်များ ပျက်စီးမှုဖြစ်ပေါ်ပြီး     လမ်းပန်း ဆက်သွယ်ရေးကို အနှောင့်အယှက်ဖြစ် ပေါ်ခဲ့ကြောင်း မြေယာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။    မျိုးဝင်း (ref; NHK)






အခြားဆက်စပ်သတင်းများ