နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီရိလင်္ကာနိုင်ငံတွင် အသက် ၁၂ နှစ်အထက် ကလေးများကို COVID-19 ကာကွယ်ဆေးထိုးနှံခြင်း စတင်

ကိုလံဘို   ဩဂုတ်   ၁၈


သီရိလင်္ကာနိုင်ငံ အစိုးရသည်အသက် ၁၂ နှစ်အထက် ကလေးများအား တစ်ဆင့် ပြီးတစ်ဆင့် COVID-19 ကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်ထားသည်ဟု ဝန်ကြီး ချုပ် Mahinda Rajapaksa  က ပြော ကြားထားကြောင်း  ဒေသတွင်းမီဒီယာ က ဖော်ပြထားသည်။ 


ရှုပ်ထွေးမှုများစွာဖြင့် ကလေးငယ် များအား ကာကွယ်ဆေးထိုးနှံခြင်းအစီ အစဉ်တွင် ဦးစားပေးထားရှိကြောင်း Rajapaksa က ပြောသည်။ လက်ရှိတွင် အစိုးရအနေဖြင့် အသက် ၃၀ နှစ် အထက် နိုင်ငံသားများအားလုံးကို နိုင်ငံတစ်ဝန်း အသုံးပြုလျက်ရှိသော  ကာကွယ်ဆေး များအနက်  ဦးဆောင်ကာကွယ်ဆေး ဖြစ်သော တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေးဖြင့်  ထိုးနှံလျက်ရှိကြောင်း၊       အခြားကာကွယ်ဆေးများမှာ   Astra Zeneca ၊ Pfizer ၊ Sputnik V နှင့် Moderna ကာကွယ်ဆေးများဖြစ်ကြောင်း   သိရ သည်။ 


သီရိလင်္ကာနိုင်ငံတွင် လက်ရှိအချိန် အထိ အသက် ၃၀ နှစ်အထက် လူဦးရေ ၁၁ သန်းကျော်ကို ပထမအကြိမ် ကာကွယ် ဆေးထိုးနှံထားပြီးဖြစ်ကြောင်းနှင့်  ယင်း တို့အနက် လူပေါင်း ၃,၆၉၈,၃၀၃ ဦးမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံ ထားပြီးဖြစ်ကြောင်း သိရသည်။

မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ