နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှားရေပြင်တွင် ခရီးသည်တင် သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွား

ဂျကာတာ  ဩဂုတ်   ၁၈


အင်ဒိုနီးရှားနိုင်ငံ     အလယ်ပိုင်း ဆူလာဝေစီ တန်ဂါရာပြည်နယ်ရေပြင် တွင် အနည်းဆုံးလူ ၃၄ ဦးတင်ဆောင် လာသည့် သင်္ဘောတစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ KM Bukit Sumber Poleang သင်္ဘောသည် ဘွမ်ဘာနာ ခရိုင်၊ မာပီလာကျေးရွာရေပြင်တွင် ရွက်လွှင့်ခုတ်မောင်းစဉ် နစ်မြုပ်သွားခဲ့ ခြင်းဖြစ်သည်။ 


အဆိုပါသင်္ဘောသည် ဘွမ်ဘာနာ ခရိုင်  Sikeli ကျေးရွာမှ  Kasipute ကျေးရွာသို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ် ရေးရုံး ပြောခွင့်ရပုဂ္ဂိုလ် Yusuf Latief က ပြောခဲ့သည်။ 


မီးလောင်မှုကြောင့် သင်္ဘောကိုယ် ထည်တစ်ခုလုံးနီးပါး လောင်ကျွမ်းခဲ့ သော်လည်း ကံကောင်းစွာဖြင့်  သင်္ဘော ပေါ်လိုက်ပါသွားသူများ  အားလုံးကို ရွက်သင်္ဘောများဖြင့် ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။ သင်္ဘောမီး လောင်မှုဖြစ်ပွားရသည့် အကြောင်းရင်း အား စုံစမ်းလေ့လာနေဆဲပင် ဖြစ်သည်။ 


ရဲခေါင် (ref; Xinhua)






အခြားဆက်စပ်သတင်းများ