နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ နှာခေါင်းဖျန်း ကာကွယ်ဆေးကို ယခုနှစ်ကုန်တွင် လူသားဖြင့် စမ်းသပ်မှုစတင်မည်

ဘန်ကောက်၊  ဩဂုတ် ၁၃   


ကြွက်များတွင် စမ်းသပ်မှုအလားအလာကောင်းသော ရလဒ်များရရှိပြီးနောက် ထိုင်းနိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် နှာခေါင်းမှတစ်ဆင့်ဖျန်းရသော ကိုဗစ်-၁၉ ကာ ကွယ်ဆေးနှစ်မျိုးကို လူသားဖြင့် စမ်းသပ်မှုများ စတင်ရန် စီစဉ်ထားကြောင်း ထိုင်း နိုင်ငံတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 


အက်ဒီနိုဗိုင်းရပ်စ်ဗစ်တာအခြေပြုနှင့် အင်ဖလူရမ်ဇာဗိုင်းရပ် ဗစ်တာအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုင်းနိုင်ငံမျိုးရိုးဗီဇ ပြုပြင်ဖန်တီးခြင်းနှင့် ဇီဝနည်းပညာဆိုင်ရာ အမျိုးသားစင်တာမှ ထုတ်လုပ်ခဲ့ကြောင်း စင်တာလက်အောက် ရှိ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ဆန်းသစ်တီထွင်ခြင်းနှင့် စီမံခန့်ခွဲရေး သုတေသန အဖွဲ့၏ ညွှန်ကြားရေးမှူး Anan Jongkaewwattana က ပြောကြားသည်။ 


ကြွက်များဖြင့် စမ်းသပ်မှုများပြုလုပ်ပြီးနောက် စင်တာက လူသားဖြင့်စမ်းသပ် မှုများ ပထမအဆင့်ကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ရန်စီစဉ်ခဲ့ကြောင်း ၊ ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးထိန်းချုပ်ရေးဌာနမှ ခွင့်ပြုချက်ကို ဆောင်ရွက်နေဆဲဖြစ် ကြောင်း ယင်းကပြောသည်။ 


အဆိုပါ စမ်းသပ်မှုများတွင် ကာကွယ်ဆေး၏ Delta မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုး တိုက်ဖျက်မှုကာကွယ်ရေးကိုလည်း စမ်းသပ်သွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူး Anan Jongkaewwattana က ပြောကြားခဲ့ပြီး လူသားဖြင့် စမ်းသပ်မှုများ၏ ဒုတိယအဆင့်ကို ၂၀၂၂ ခုနှစ် မတ်လတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်းနှင့် အကယ် ၍ စမ်းသပ်မှုများ ကောင်းမွန်ပါက ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ဆေးပမာဏ အမြောက်အမြား ထုတ်လုပ်မှုအတွက် ရည်မှန်းထားကြောင်း သိရသည်။ 

မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ