နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Moderna ကာကွယ်ဆေးက Pfizer ထက် ဒယ်လ်တာကိုကာကွယ်ရန် ပိုမိုထိရောက်ဟုဆို

နယူးယောက်၊  ဩဂုတ်  ၁၃  


ကိုရိုနာဗိုင်းရပ်စ် ဒယ်လ်တာမျိုးကွဲ ကို ကာကွယ်ရာတွင် Pfizer and BioNTech ၏ mRNA ကာကွယ်ဆေး သည် Moderna ကာကွယ်ဆေးထက် ထိရောက်မှုနည်းကြောင်း အစီရင်ခံစာ နှစ်ခုအရ သိရသည်။ 


Mayo Clinic Health System မှ လူနာပေါင်း ၅ သောင်းကျော်ကို လေ့လာရာတွင် Moderna ကာကွယ် ဆေး၏ ထိရောက်မှုသည် ယခုနှစ်အ စောပိုင်းက ၈၆ ရာခိုင်နှုန်းရှိရာမှ ဒယ်လ် တာမျိုးကွဲလွှမ်းမိုးချိန် လွန်ခဲ့သောလက ၇၆ ရာခိုင်နှုန်းအထိကျဆင်းခဲ့သည်။ 


ယင်းကာလအတွင်း Pfizer-BioNTech ကာကွယ်ဆေးသည် ထိ ရောက်မှု ၇၆ ရာခိုင်နှုန်းမှ ၄၂ ရာခိုင် နှုန်းသို့ ကျဆင်းခဲ့ကြောင်း သုတေသီ များက ပြောသည်။ 

အဆိုပါ ကာ ကွယ်ဆေး ၂ ခုလုံးသည် ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရခြင်းကို ထိထိရောက်ရောက် ကာကွယ်နိုင်သော် လည်း ယခုနှစ်အစောပိုင်းက Pfizer သို့မဟုတ် Moderna ကာကွယ်ဆေး ထိုးထားသူများသည် Moderna အား ဖြည့် ကာကွယ်ဆေး ထပ်မံထိုးရဖွယ်ရှိ ကြောင်း Mayo လေ့လာမှုကို ဦးဆောင် သူ  မက်ဆာချူးဆက်ရှိ nference ခွဲခြမ်း စိတ်ဖြာလေ့လာရေးကုမ္ပဏီမှ    Dr. Venky Soundararajan က ပြော သည်။ 


သီးခြားလေ့လာမှုတစ်ခုအရ အွန် နာရီယိုရှိ သက်ကြီးရွယ်အိုစောင့်ရှောက် ရေးဂေဟာတွင် နေထိုင်သူများသည် Moderna ကာကွယ်ဆေးထိုးပြီးသော အခါ Pfizer-BioNTech ကာကွယ် ဆေးထက် ကိုယ်ခံစွမ်းအားခုခံမှု ပိုမိုရရှိ ကြကြောင်း တွေ့ရသည်။ 


လွန်ခဲ့သော ၅ လနှင့်အထက် Pfizer-BioNTech ကာကွယ်ဆေး ထိုးပြီးသူများသည် ထိုထက်နည်းသော ကာလတွင် ကာကွယ်ဆေးထိုးပြီးသူများ ထက် ကိုဗစ်နိုင်တင်းကူးစက်နိုင်ခြရှိ ကြောင်း သုတေသနအသစ်များကပြော သည်။              ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ