နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယား၏ အရေးပေါ်ဖုန်းခေါ်ဆိုမှုကို မြောက်ကိုရီးယားငြင်းဆန်

ဆိုးလ်၊  ဩဂုတ်  ၁၂ 


အမေရိကန်နှင့် နှစ်စဉ်ပူးတွဲစစ်ရေး လေ့ကျင့်မှုတစ်ခုပြုလုပ်ရန် လှည့်စားခဲ့ သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ၏ ညီမဖြစ်သူက တောင်ကိုရီးယားကို စွပ်စွဲပြီးနောက်  တောင်နှင့် မြောက် ကိုရီးယားနိုင်ငံအချင်းချင်း အရေးပေါ် ဖုန်းခေါ်ဆိုမှုကို မြောက်ကိုရီးယားက ငြင်းဆန်လိုက်သည်။ 


နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကနဦး လေ့ ကျင့်မှုစတင်မည်ဖြစ်ပြီး  လာမည့် သီတင်းပတ်အတွင်း ကွန်ပျူတာဖြင့် ပြုလုပ်ထားသော လေ့ကျင့်ခန်းများ စတင် တော့မည်ဖြစ်သည်။ မြောက် ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူ ကင်ယိုဂျုံက တောင်ကိုရီးယားနိုင်ငံ သည် “ဖောက်ပြန်သော အပြုအမူများ” အဖြစ် စစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ဆိုးလ်နှင့် ပုံမှန်စီစဉ် ထားသည့်ခေါ်ဆိုမှုတွင်ပါဝင်ရန် ငြင်း ဆန်ခဲ့သည်။ 


ပုံမှန်အားဖြင့် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့အကြား HotLine ခေါ်ဆိုမှုကို တစ်နေ့လျှင် နှစ်ကြိမ်ခေါ် ဆိုကြသော်လည်း ပြုံယမ်းသည် ပုံမှန် အတိုင်း   ဖုန်းပြန်ပြောနေစဉ်မှာပင် ဒုတိယအကြိမ်ခေါ်ဆိုမှုကို လစ်လျှူရှု ခဲ့ပြီး မြောက်ကိုရီးယားဘက်မှတရားဝင် ဖြေဆိုရမည့်အရာများကို ပျက်ကွက်ခဲ့ ခြင်းဖြစ်သည်။ 

မြောက်ကိုရီးယားနှင့်   တောင် ကိုရီးယား အကြား အရေးပေါ် ဖုန်းလိုင်း မှာ ပြုံယမ်းဘက်က ၁၂ လ ကြာ ပြတ် တောက်သွားခဲ့ပြီးနောက် ဇွန်လနောက် ပိုင်းတွင် ပြန်လည်ဆက်သွယ်ခဲ့ခြင်းဖြစ် သည်။

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ