နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်တွင် နှစ်မိနစ်လျှင် လူတစ်ဦးနှုန်းသေဆုံးနေ

ဒူဘိုင်း၊  ဩဂုတ်  ၁၁ 


အီရန်၌ နှစ်မိနစ်တိုင်းတွင် ကိုဗစ်-၁၉  ကြောင့်  လူတစ်ဦးသေဆုံးနေကြောင်း နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ခဲ့ပြီး အရှေ့ အလယ်ပိုင်း၏ အဆိုးရွားဆုံး ထိခိုက် သောနိုင်ငံအဖြစ်  တစ်ရက်အတွင်း သေဆုံးသူ ၅၈၈ ဦးဖြင့် စံချိန်သစ်တင်ခဲ့ ကြောင်း သိရသည်။ 


အာဏာပိုင်များက ပြည်သူများအ ကြား လူမှုအကွာအဝေး သတ်မှတ်ချက် ကို မလိုက်နာခြင်းနှင့်ပတ်သက်ပြီး စောဒ ကတက်ခဲ့ကာ နိုင်ငံပိုင်မီဒီယာများက မြို့ကြီးအချို့ရှိဆေးရုံများတွင် လူနာသစ် များအတွက် ကုတင်များပြည့်နေပြီဖြစ် ကြောင်း ပြောကြားသည်။ 


လူမှုကွန်ရက်သုံးစွဲသူအချို့က လူ ဦးရေ ၈၃ သန်း၏ ၄ ရာခိုင်နှုန်းသာ အပြည့်အဝထိုးပေးရသေးသည့် ကာ ကွယ်ဆေးထိုးနှံသည့် လုပ်ငန်းဆောင် တာ နှေးကွေးခြင်းကို ဝေဖန်ခဲ့ကြသည်။


အီရန် ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း သေဆုံးမှုအရေအတွက် စုစုပေါင်း ၉၄၆၀၃ ဦးထိရှိလာပြီဖြစ် ကြောင်း ထုတ်ပြန်ခဲ့ကာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၄၀,၈၀၈ ဦးတိုးလာသဖြင့် ကူးစက်ခံရသူ ၄,၁၉၉, ၅၃၇ ဦးအထိရှိလာခဲ့ကာ ကူးစက် မြန် ဒယ်လ်တာကြောင့်  ကိုဗစ်ပဉ္စမလှိုင်း ဖြစ်ရကြောင်း အပြစ်တင်ခဲ့သည်။ 


အီရန်ပြည်နယ် ၃၁ ခုတွင် အများစု မှာ ကူးစက်မှုအဆင့်အနိမ့်ဆုံး လိမ္မော်ရောင် အဆင့်မှ အနီရောင်သတိပေးချက်သို့ ပြောင်းနေပြီဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံ များတွင် ဖြည့်စွက်ဖော်ပြထားသည်။

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ