နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ဥတုရာသီဖောက်ပြန်မှု အနီရောင်အဆင့်ရောက်နေဟု ကုလ ပြောကြား

နယူးယောက်၊  သြဂုတ် ၁၁ 


ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု အန္တရာယ်သည် လူသားထုကြီးတစ်ခုလုံး အတွက် အနီရောင်အဆင့်ကိုရောက်လာ နေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂက သတိ ပေးပြောကြားလိုက်သည်။


ကုလသမဂ္ဂ၏ ဥတုရာသီပြောင်းလဲ မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IPCC) က ထုတ်ပြန်သည့် အစီရင်ခံစာအရ လူသားများ၏လုပ်ရပ်ကြောင့် ရာသီ ဥတုပြောင်းလဲ ဖောက်ပြန်လာခြင်းမှာ လုံးဝငြင်း၍မရသလို လူသားများကြောင့် ပင် ၁၉ ရာစုနှစ်ကရှိခဲ့သည့် ကမ္ဘာ့အပူ ချိန်ထက် လက်ရှိတွင် အပူချိန် ၁ ဒသမ ၁ ဒီဂရီဆဲလ်ဆီးယပ်စ် အထိတိုးလာ ကြောင်း ဖော်ပြထားသည်။ 


လာမည့်နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီထက် ကျော်သွားနိုင်ခြေရှိနေပြီး ရေခဲလွှာများ အရည်ပျော်ခြင်း၊ ပင်လယ်ရေမြင့် တက် ခြင်းနှင့် ဆိုးရွားပြင်းထန်လှသည့်ရေကြီး မှု၊ မိုးခေါင်ရေရှားမှုမျိုး ကမ္ဘာတဝှမ်း ကြုံလာနိုင်ကြောင်း သိပ္ပံပညာရှင်များကခန့်မှန်းထားသည်။


သို့ရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ အဓိကထုတ်လွှတ်နေသည့် တွင်းထွက်လောင်စာ အသုံးပြုမှုများကို ချက်ခြင်း ပြောင်းပစ်နိုင်မည်ဆိုပါက ယင်းကပ်ဘေးများကို ကာကွယ်ရန်အ ချိန်မီသေးကြောင်း IPCC ကပြောသည်။ 


ယင်းပြသနာများအတွက် လာမည့် နိုဝင်ဘာလတွင် ဗြိတိန်နိုင်ငံ၊ Glasgow မြို့တွင်ကျင်းပမည့် ရာသီဥတုညီလာခံ တွင် IPCC ၏ အစီရင်ခံကို အဓိကမူ တည်ပြီး ဥတုရာသီပြောင်းလဲမှု ဝိုင်းဝန်း တားဆီးနိုင်မည့် နည်းဗျူဟာများရေးဆွဲ ကြမည်ဖြစ်သည်။

ရဲခေါင် (ref; BBC)






အခြားဆက်စပ်သတင်းများ