နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန် ငြိမ်ချမ်းရေးဆွေးနွေးပွဲပြန်စရန် နိုင်ငံတကာကြိုးပမ်း

ကဘူးလ်၊  သြဂုတ် ၁၁ 


အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိ ကန်နှင့် နေတိုးမဟာမိတ်တပ်တွေ ရုပ် သိမ်းခြင်းနှင့်အတူ တာလီဘန်များ၏နယ် မြေတိုးချဲ့ သိမ်းပိုက်မှုများ၊ တိုက်ခိုက်မှု များ တိုးလာခြင်းကြောင့် အခြေနေထိန်း မနိုင်သိမ်းမရဖြစ်မသွားခင် အာဖဂန် အစိုးရနှင့် တာလီဘန်တို့ကြား ငြိမ်းချမ်း ရေး ညှိနှိုင်းမှုပြန်လုပ်ရန် တွန်းအားပေး သည့်အနေဖြင့် နိုင်ငံတကာ ဆွေးနွေးပွဲ ၂ ခုကို ကာတာနိုင်ငံတွင် ယခု သီတင်းပတ် အတွင်း   ဆက်တိုက်ကျင်းပမည်ဖြစ် ကြောင်း သိရသည်။ 


အာဖဂန်စစ်ပွဲများတွင် သေကြေမှုနှင့် ထိခိုက်မှု များလာနေသည့်အတွက် ပြီးခဲ့ သည့်သီတင်းပတ်အတွင်း အာဖဂန်ဆိုင် ရာကုလအထူးကိုယ်စားလှယ် Deborah Lyons က ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ သတိပေး ခဲ့ပြီး အမေရိကန် က အာဖဂန် တပ်များကို လေကြောင်း အကူညီပေးနေ သည့်အတွင်းမှာပင် တာလီဘန်များက နေရာအတော်များများကို တိုက်ခိုက် ထိန်းချုပ်ထားသည့်အတွက် ယခုလို ဆွေးနွေးပွဲကျင်းပရန် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။ 


ဒိုဟာအခြေစိုက် တာလီဘန်များ နှင့် အာဖဂန်အစိုးရ ကိုယ်စားလှယ်များ အနေဖြင့်   နှစ်ဖက်ဆွေးနွေးပွဲအကြို ညှိနှိုင်းကြရန် စီစဉ်ထားပြီး အာဖဂန်၏ အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးမည် ဖြစ်ကာ ယင်းဆွေးနွေးပွဲကို ရုရှား၊ အမေရိ ကန်နှင့် ကုလသမဂ္ဂတို့က တက်ရောက် မည်ဖြစ်သည်။ အာဖဂန်တွင် ရေရှည်ငြိမ်း ချမ်းရေး ဖော်ဆောင်နိုင်ရန် နိုင်ငံရေး သဘောတူညီချက် အဖြေရှိရ မည်ဖြစ်ပြီး ပန်းတိုင်ရောက်ရန် လျှောက်လှမ်းမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များက ပြောကြားသည်။

မျိုးဝင်း (ref; AFP)






အခြားဆက်စပ်သတင်းများ