နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံခြားသား လုပ်သားဆိုင်ရာ မူဝါဒများ ပြန်လည်ချိန်ညှိမည်ဖြစ်ကြောင်း စင်္ကာပူ ထုတ်ပြန်

စင်္ကာပူ၊  သြဂုတ် ၁၁


စင်္ကာပူနိုင်ငံသားများအနေဖြင့် ယင်း တို့၏ အလုပ်အကိုင်အတွက် နိုင်ငံခြား သားများနှင့် ယှဉ်ပြိုင်ရမှုအပေါ် စိုးရိမ် လာကြသည့်အချက်ကို ဖြေရှင်းနိုင်ရေး အတွက် နိုင်ငံခြားသား လုပ်သားဆိုင်ရာ မူဝါဒများကို အစိုးရကချိန်ညှိပေးမည် ဖြစ်ကြောင်း စင်္ကာပူဝန်ကြီးချုပ်ကထုတ် ပြန် ပြောကြားလိုက်သည်။ 


စင်္ကာပူနိုင်ငံအတွင်း နိုင်ငံခြားသား များ ဝင်ရောက်မှုအရေအတွက်နှင့် အရည်အသွေးကို စီမံခန့်ခွဲနိုင်ရေးအ တွက် စင်္ကာပူ၏ လုပ်သားဆိုင်ရာ မူဝါဒ များကို ချိန်ညှိရမည့်အကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ပါက  ပြည်ပလုပ်သားများ နှင့် ရွှေ့ပြောင်းအခြေချသူ လူသစ်များကို ဆက်လက် ကြိုဆိုနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Lee Hsien Loong က ပြော ခဲ့ခြင်းဖြစ်သည်။ 


နိုင်ငံခြားသား အလုပ်သမားအရေး ပြဿနာသည် ယခင်ကတည်းကရှိနေ ပြီးသား ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ် ဘေးရောဂါ ကာလအတွင်း မရေရာမှု များကြောင့် အလုပ်အကိုင်အတွက် စင်ကာပူနိုင်ငံသားများအနေဖြင့် ပိုမို စိုးရိမ်နေကြခြင်းဖြစ်လာပြီး ပြီးခဲ့သည့် နှစ် အထွေထွေရွေးကောက်ပွဲစည်းရုံးမှု များတွင်လည်း အတိုက်အခံပါတီများ က ယင်းကိစ္စကို အလေးပေးဆွေးနွေးခဲ့ ကြသည်။ 


စင်္ကာပူ လူဦးရေ ၅ ဒသမ ၇ သန်း အနက် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းသည်  နိုင်ငံခြားသားများဖြစ်ပြီး အခြေချအ လုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများ တွင် အာဆီယံမှလည်း အများအပြား ပါဝင်နေကာ သတင်းအချက်အလက် နည်းပညာ၊ အင်ဂျင်နီယာနှင့် သူနာပြု အကူကဲ့သို့ ဝန်ဆောင်မှုများတွင် အလုပ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

မျိုးဝင်း (ref; BBC)






အခြားဆက်စပ်သတင်းများ