နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နျူကလီးယားလက်နက် ထပ်မံလျှော့ချရန် ရုရှားနှင့် အမေရိကန်ကို နာဂါဆာကီမြို့တော်ဝန် တိုက်တွန်း

နာဂါဆာကီ၊  ဩဂုတ်  ၁၁ 


ဂျပန်နိုင်ငံ နာဂါဆာကီမြို့တော်ဝန် တိုမီဟီဆာတာယူက ရုရှားနှင့် အမေရိ ကန် အာဏာပိုင်များအနေဖြင့် ၎င်းတို့၏ နျူကလီးယားလက်နက်များကို ထပ်မံ လျှော့ချရန်တိုက်တွန်းလိုက်သည်။ 


ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယား လက်နက် ပိတ်ပင်ရေးစာချုပ်ကို အ မြန်ဆုံးလက်မှတ်ထိုးရန်လည်း သူတိုက် တွန်းပြီး အရှေ့မြောက် အာရှတွင် နျူက လီးယား ကင်းမဲ့ဇုန်ထူထောင်ရန် ယင်း က တိုက်တွန်းခဲ့သည်။ 


တိုကျိုသည် နျူကလီးယားလက်  နက်စွန့်လွှတ်ရေး နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုကိုအားပေးရန် ကြိုးစား မည်ဖြစ်ကြောင်း နာဂါဆာကီ မြို့တော် ဝန်၏ ပြောကြားချက်နှင့် စပ်လျဉ်း၍ ဂျပန်ဝန်ကြီးချုပ် ရိုရှီဟိုက်ဒဲဆူဂါက ပြောကြားသည်။ 


နာဂါဆာကီသည် ဟီရိုရှီးမားပြီးလျှင် ၁၉၄၅ ခုနှစ် သြဂုတ်လက အမေရိကန် တို့ အနုမြူဗုံးကြဲခံရသည့် ဒုတိယမြို့ဖြစ် ကာ အနုမြူဗုံး ပေါက်ကွဲစဉ်က လူ ၇ သောင်းခန့်သေဆုံးပြီး တစ်မြို့လုံးပြာပုံ ဖြစ်ခဲ့သည်။

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ