နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငလျင်အန္တရာယ်နှင့် သဘာဝဘေး

သဘာဝဘေးဟူသည် ရှောင်လွှဲ၍မရသည့် ဘေးအန္တရာယ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံတိုင်းတွင် သဘာဝဘေးဒဏ်များကို ခံစားရလေ့ရှိသည်။ မြန်မာနိုင်ငံအတွင်း တည်ရှိသော ပြတ်ရွေ့ကြောများအနက် နိုင်ငံတကာမြေငလျင်နှင့် ဘူမိဗေဒပညာရှင်များ သိရှိစိတ်ဝင်စားကြသော မိုင် ၆၀၀ ကျော် ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံအလယ်မှ ဖြတ်၍ တောင်မြောက်တန်းလျက် အနေအထားဖြင့် တည်ရှိသည်။


၁၉၃၀ ပြည့်နှစ် ငလျင်ဘေးကြောင့် ပဲခူး၌ လူပေါင်း ၅၀၀ ကျော်၊ ရန်ကုန်မြို့တွင် လူပေါင်း ၅၀ ခန့် သေဆုံးခဲ့ကြောင်း ငလျင် မှတ်တမ်းများအရ သိရသည်။ 

ငလျင်၏ သဘောသဘာဝအရ ငလျင်ကြီးများ လှုပ်ဖူးသောနေရာများတွင်  ငလျင်ငယ်များ                 နောက်ဆက်တွဲလှုပ်ခတ်လေ့ရှိကြောင်းနှင့်  ပဲခူးမြို့  ငလျင် အန္တရာယ်ကြုံတွေ့ခဲ့သည်မှာ နှစ် ၈၀ ခန့် ကြာမြင့်ခဲ့သော်လည်း သတိပြုရမည့်ကာလသို့ ရောက်ရှိလာပြီဖြစ်ပေသည်။


မြေငလျင်လှုပ်ရှားခြင်းသည် ကြိုတင်ခန့်မှန်းမရသော သဘာဝဘေးတစ်ခုဖြစ်ပြီး ငလျင်ဒဏ်ကြီးမားသော် ပျက်စီး ဆုံးရှုံးမှုများတတ်သကဲ့သို့ လူအသေအပျောက် ထိခိုက်ဒဏ်ရာ များစွာ ဖြစ်ပေါ်တတ်ပေသည်။


ဩဂုတ် ၁၀ ရက်၊ နံနက် ၉ နာရီ ၄၈ မိနစ် ၁၂ စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၃၃ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (စဉ့်ကူးမြို့၏ အရှေ့တောင်ဘက်  ၄  မိုင်ခန့်အကွာ  မြောက်လတ္တီတွဒ်                           ၂၂ ဒသမ ၄၉ ဒီဂရီအရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၂ ဒီဂရီ၊ အနက် ၈ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွား သည်။

 

မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ် ၃၂ စက္ကန့်အချိန်တွင် ဂွ‌ မြေငလျင် စခန်းမှ အရှေ့တောင်ဖက် ၂၉ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ငသိုင်းချောင်းမြို့၏ အနောက်- အနောက်တောင်ဖက် ၈ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၇ ဒသမ ၃၇ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၄ ဒသမ ၉၅ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အား အနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်သွားသည်။ 


ရန်ကုန်မြို့သည် ဘေးအန္တရာယ်အမျိုးမျိုး (ဥပမာ-ငလျင်လှုပ် ခြင်း၊ ရေကြီးရေလျှံခြင်း၊ အပူပိုင်းမုန်တိုင်း၊ မြစ်ကမ်းပါးပြိုခြင်းနှင့် မီးလောင်ခြင်း)တို့နှင့် ကြုံတွေ့နိုင်ပါသည်။ ရန်ကုန်မြို့သည် စစ်ကိုင်းပြတ်ရွေ့၏ အနောက်ဘက် ကီလိုမီတာ (၃၀) တွင် တည်ရှိ ပြီး အနီးတစ်ဝိုက်တွင် တိုက်ကြီးပြတ်ရွေ့၊ သန်လျင်ပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့ အစရှိသည့် ပြတ်ရွေ့ငယ်များ တည်ရှိသဖြင့်       အနာဂတ်တွင် ငလျင်အန္တရာယ်အများဆုံး ဖြစ်နိုင်ခြေရှိသော ရပ်ဝန်းများအနက် တစ်ခုဖြစ်သည်။ ထိုဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်နိုင်ရန် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အစီအမံများမှာ အလွန်အရေးကြီးပေသည်။


မြေငလျင်လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းမရနိုင်သော်လည်း မြေငလျင်ကြောအနီးတွင် နေထိုင်ပါက မြေငလျင်ဘေးဒဏ်မှ ကင်းဝေးစေရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းပါးအောင် ကာကွယ် စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ