နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါကစ္စတန်နိုင်ငံတွင် ရဲကားတစ်စီးဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင် ၂ ယောက်သေဆုံး

အစ္စလာမ်မာဘတ်၊  ဩဂုတ် ၁၀ 


ပါကစ္စတန်နိုင်ငံ အနောက်တိုင်ပိုင်း Quetta မြို့တွင်ဖြစ်ပွားခဲ့သော ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး အခြား ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာ ရသွားကြောင်း ဆေးရုံတာဝန်ရှိသူနှင့် ရဲအရာရှိများက သြဂုတ် ၉ ရက်တွင် အတည်ပြုပြောကြားသည်။ 


Quetta မြို့ ပြည်သူ့ဆေးရုံမှ ပြော ရေးဆိုခွင့်ရှိသူ Waseem Baig က ပြောကြားရာတွင် ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် မြို့တော် Quetta မြို့ Unity Chowk နယ်မြေတွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၆ ဦး အပါအဝင် အနည်းဆုံးလူပေါင်း ၁၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။ 


ရဲကားတစ်စီးသည် အခင်းဖြစ်နေရာ သို့ လှည့်ကင်းထွက်နေစဉ် ဖောက်ခွဲ ရေး ပစ္စည်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ် ကြောင်း ယင်းနယ်မြေရှိ ရဲအရာရှိများက ဒေသတွင်း မီဒီယာသို့ပြောကြားခဲ့သည်။ တိုက်ခိုက်ရေးသမားက ဆိုင်ကယ်တစ် စီးပေါ်တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းကိရိယာများ တင်ဆောင်ကာ ရဲကားစီသို့ ဦးတည်မောင်းနင်၍ ဝင် ရောက် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ 


လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကယ် ဆယ် ရေးသမားများက အခင်းဖြစ် နေရာသို့ အပြေးအလွှား သွားရောက်ခဲ့ ကြောင်းနှင့် ဒဏ်ရာရသူများကို မြို့ တွင်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လုံခြုံ ရေး တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာ အနီးတစ်ဝိုက်တွင် ပိတ်ဆို့၍ ရှာဖွေစစ် ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ 


ယင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အုပ်စု သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးချင်းစီက ယင်းတို့ လက်ချက်ဖြစ် သည်ဟု ထုတ်ဖော် ပြောကြားထားခြင်း မရှိသေးကြောင်း သိရသည်။ 

ရဲခေါင် ( ref; Reuters)






အခြားဆက်စပ်သတင်းများ