နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်ပြည်နယ်တွင် အစိုးရအဆောက်အအုံများကို တာလီဘန်များ ဆက်လက်သိမ်းပိုက်

ကဘူးလ်၊  ဩဂုတ်  ၁၀ 


တာဘီဘန် တိုက်ခိုက်ရေးသမား များက တနင်္ဂနွေနေ့တွင် မဟာဗျူဟာ ကျသည့် ကန်ဒူးဇ် (Kunduz) မြို့နှင့် မြောက်ပိုင်း ဆာအိပေါ (Sar-e Pul) အပါအဝင် ပြည်နယ်နှစ်ခုမှ မြို့တော် များကို စီးနင်းသိမ်းပိုက်ခဲ့ကြောင်း ဒေသခံအရာရှိများက ပြောကြားခဲ့ပြီး မြောက်ပိုင်းနှင့် အခြားနောက်ထပ်မြို့ များကို လက်နက်ကိုင်များက ဖိအားပေး ခြိမ်းခြောက်နေပြီဖြစ်ကြောင်း  သိရ သည်။ 


တာလီဘန် တိုက်ခိုက်ရေးသမား များသည် ကန်ဒူးဇ် (Kunduz) မြို့ရှိ အရေးကြီး အစိုးရ အ ဆောက်အအုံ များကို သိမ်းပိုက်ခဲ့ပြီး အစိုးရတပ်များကို လေဆိပ်နှင့် အခြေစိုက် စခန်းများတွင် တပ်ဆွဲထားကြောင်း ပြည်နယ် လွှတ် တော် အမတ်တစ်ဦးက ပြောကြားသည်။ 


တာလီဘန်တို့မှာ မြောက်ပိုင်း ပြည်နယ်မြို့တော်  ဆာအိပေါ (Sar-e Pul) ရှိ အစိုးရ အဆောက်အအုံများကို လည်း သိမ်းယူ ခဲ့ပြီး အစိုးရအရာရှိများကို အဓိက မြို့တော်အနီးရှိ စစ် အခြေစိုက် စခန်းတစ်ခုသို့ မောင်းထုတ်ခဲ့ကြောင်း ဆာအိပေါပြည်နယ်၏ ခရိုင်ကောင်စီဝင် တစ်ဦးဖြစ်သည့် မိုဟာမက်နူး ရာမန်နီ က ပြောကြားသည်။ 


အမေရိကန်က သြဂုတ်လကုန်တွင် နိုင်ငံအတွင်းရှိ ၎င်း၏စစ်မစ်ရှင်ကို အဆုံး သတ်မည်ဟု ကြေငြာခဲ့ပြီးနောက် အာဖဂန်တစ်လွှားတွင် ယင်းတပ်ဖွဲ့များ ၏ တိုက်ခိုက်မှုတိုးလာကာ မကြာသေး မီရက်များအတွင်း တာလီဘန်တို့၏ ထိုးစစ်မှာ  အရှိန်မြင့်တက်လာခဲ့သည်။ 


မကြာသေးမီရက်များအတွင်း တာ လီဘန်များသည် မြောက်ပိုင်းပြည်နယ် များကို တိုက်ခိုက်မှုများ အရှိန်မြှင့်လာ ခဲ့သည်။

မျိုးဝင်း (ref; AFP)






အခြားဆက်စပ်သတင်းများ