နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝူဟန်တွင် ပြန်လည်ကူးစက်လာသော ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု တစ်မြို့လုံးစစ်ဆေးမှုပြီးစီး

ဝူဟန်၊  ဩဂုတ်  ၁၀


ကူးစက်ရောဂါ၏ မူလဗဟိုချက် ဒေသတွင် ဒေသခံများ၌ ကိုဗစ်-၁၉ ကူးစက်မှုအသစ် ထပ်မံတွေ့ရှိကြောင်း အစီရင်ခံပြီးနောက် ဝူဟန်တွင်ဒေသ ခံများကို ကိုဗစ်-၁၉ ကူးစက်ခံရခြင်း ရှိ/မရှိ အစုလိုက်အပြုံလိုက်စမ်းသပ် စစ်ဆေးခြင်းမှာ ပြီးမြောက်ခဲ့ပြီဖြစ် သည်။ 


ဝူဟန်ဒေသအစိုးရ၏ ဗိုင်းရပ်စ် ထိန်းချုပ်ရေး သတင်းစာရှင်းလင်းပွဲအရ ဒေသခံအစိုးရသည် လူဦးရေ ၁၁ ဒသမ ၃ သန်းကို စမ်းသပ်စစ်ဆေးမှုပြီးမြောက် ခဲ့ပြီး နွေရာသီအားလပ်ရက်ရသည့် ကောလိပ်ကျောင်းသားများ နှင့် အသက် ခြောက်နှစ်အောက်ကလေးများမှ လွဲပြီး မြို့နေလူဦးရေအများစုကို လွှမ်းခြုံစစ် ဆေးနိုင်ခဲ့ကြောင်း သိရသည်။ 


စစ်ဆေးမှုတွင် ကူးစက်ခံထားရ ကြောင်းတွေ့ရှိသူ ၉ ဦးရှိပြီး ကူးစက် ခံရသူများကို ဆေးရုံသို့ တင်ဆောင် ကုသထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။    ပြီးခဲ့သည့် တနင်္လာနေ့က ဒေသခံ ၃ ဦးတွင် ရောဂါ ကူးစက်ခံရကြောင်း တွေ့ရှိအတည်ပြု ခဲ့ပြီးနောက် မြို့တော် အစိုးရအနေဖြင့် တစ်မြို့လုံးကိုစစ်ဆေးမည် ဖြစ်ကြောင်း ကြေငြာခဲ့ကာ အစိုးရမှ နောက်ဆုံးရရှိ သော အချက်အလက်များအရ ဝူဟန် တွင် နောက်ထပ် ကူးစက်သူ ၆ ဦးထပ် တိုးလာခဲ့ကြောင်း သိရသည်။

မျိုးဝင်း(Ref : BBC)






အခြားဆက်စပ်သတင်းများ