နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက်ရှည် အနာမဲ့ရေး

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ ကျန်းမာခြင်း ဆိုင်ရာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာခြင်း နှစ်မျိုးရှိ၏။ ကိုယ်၏ကျန်းမာမှ စိတ်ချမ်းသာမည်ဖြစ်သကဲ့သို့ စိတ်ချမ်းသာ မှ ကိုယ်ကျန်းမာမည်ဖြစ်၏။ ကျွန်ုပ်တို့မှာ အောင်မြင်လို၏။ လန်းဆန်းလို၏။ သို့သော်ထူထောင်ဆဲ၊ ရုန်းကန်နေရဆဲမှာ နှစ်ရှည်ကြာမြင့်လာ၏။ ထိုအခါတိုးတက်လာသည်မှာ အလုပ်များ ဖြစ်ပြီး ဆုတ်ယုတ်လာသည်မှာ ကျန်းမာရေးဖြစ်၏။ 


လူတစ်ဦးတစ်ယောက်ရောဂါဖြစ်ရခြင်း အကြောင်းအရင်းကို ဆန်းစစ်သော် အစားအသောက်ကြောင့်ရောဂါဖြစ်ရခြင်း၊ ကူးစက် ရောဂါများကြောင့် ရောဂါဖြစ်ရခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းရ ခြင်း အချက်သုံးချက်ပင်ဖြစ်သည်။


ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်၍ ကျန်းမာရေးကိုဦးစားပေး သင့်သည်။ ပြည်သူတွေကို ဝင်ငွေကောင်းအောင် ဆောင်ရွက်ပေး ဖို့ပဲ။ ဝင်ငွေမရှိရင် ဘာမှလုပ်လို့မရဘူး။ အမြဲတမ်း၊ ထာဝရဝင်ငွေ ရနေရမည်။ ကျွန်တော်တို့ တိုင်းပြည်မှာ အရင်အစိုးရတွေ လက်ထက်ကတည်းက ပြောတယ်။ ဆင်းရဲနှုန်းလျှော့ချရေးဆိုပြီး တော့ လုပ်နေတာရှိတယ်။ ရာနှုန်းပြည့်မအောင်မြင်သေးဘူး။ အခု ကိုဗစ်ဖြစ်တော့ ပိုဆိုးလာတယ်။ ပိုပြီးတော့ ဆင်းရဲမှုတွေ ပိုများ လာတယ်။ အဲဒီတော့ ပြည်သူတွေရအောင် ဆောင်ရွက်ပေးရမယ်။  ဝင်ငွေရဖို့ နည်းလမ်းကတော့ ဘာလဲဆိုတော့ စောစောကပြောတဲ့ ရေခံမြေခံရှိပြီးသား စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကနေပြီးတော့ ဝင်ငွေရအောင် ရှာဖို့ပဲ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဩဂုတ် ၉ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။


အရွယ်ရောက်သူတိုင်း ကောင်းမွန်သည့်လုပ်ငန်းခွင်သို့ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်လိုအပ်သည်။ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ဖန်တီးပေးခြင်းဖြင့် ပြည်သူတို့၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ လူနေမှုအဆင့်အတန်းမြင့်မားလာသည်နှင့် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုမည်ဖြစ်သည်။


အလုပ်သည်အရေးကြီးသကဲ့သို့ ကျန်းမာရေးအတွက်လည်း ချင့်ချိန်ပိုင်းခြား ဆောင်ရွက်ရမည်ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါသည် အရှင်းပျောက်မည့် အခြေအနေမဟုတ်သောကြောင့် ပတ်ဝန်းကျင် ကောင်းများကိုဖန်တီးပြီး အသက်ရှည်ကျန်းမာရေး ကျင့်ကြံ      အားထုတ်ဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ