နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ် လျော့ပါးရေးကြိုတင်ပြင်ဆင်

သဘာဝဘေးဟူသည် ရှောင်လွှဲ၍မရသည့် ဘေးအန္တရာယ် တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံတိုင်းတွင် သဘာဝဘေးဒဏ်များကို ခံစားရလေ့ရှိသည်။ သဘာဝဘေး အန္တရာယ်အမျိုးမျိုးကို ရာသီမရွေးကြုံတွေ့နိုင်သော်လည်း နှစ်စဉ် မိုးလယ်ကာလ ဩဂုတ်လအတွင်း မိုးများစွာရွာသွန်းချိန်နှင့် မြစ်ဒီရေတိုးချိန်များတွင် မြေနိမ့်ပိုင်းရပ်ကွက်များ၊ ကျေးရွာများ ရေကြီးနစ်မြှုပ်မှုအပါအဝင် သဘာဝဘေးအမျိုးမျိုး ကြုံတွေ့ရနိုင် သည်။


ထို့ကြောင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ သဘာဝဘေး အန္တရာယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ၊ ကော်မတီများ ဖွဲ့စည်းကာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပေ သည်။


ရန်ကုန်တိုင်းဒေသကြီးတွင် ဖွဲ့စည်းထားရှိသည့်လုပ်ငန်း ကော်မတီများဖြစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအဖွဲ့၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်း ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေး လုပ်ငန်းကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ပြန်လည်ထူထောင် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာ ရေးစောင့်ရှောက်မှု  စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊  ကနဦး လိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေး နှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ၊   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး    လုပ်ငန်းကော်မတီ ၁၂ ဖွဲ့ကို ဖွဲ့စည်းစီမံဆောင်ရွက်လျက်ရှိပေ သည်။


ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့်လည်း တိုင်းဒေသကြီး အတွင်း သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့လာပါက အကူအညီပေးနိုင်ရေးအဖွဲ့ ၇ ဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ကယ်ဆယ်ရေး ပစ္စည်းများ စုဆောင်းထားရှိမှု၊ သဘာဝဘေးအန္တရာယ်ကျရောက် ပါက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်  ညှိနှိုင်းပြီး  ချက်ချင်း ဆောင်ရွက်ပေးရန် စီမံဆောင်ရွက်လျက်ရှိသည်။


သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးနိုင်သမျှ နည်းပါးအောင် ကာကွယ်ကြရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင်ခြင်း သည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ဘက်စုံ၊ ကဏ္ဍစုံမှ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း။      ။

Ngu Khine

Ngu sent Today at 14:03







အခြားဆက်စပ်သတင်းများ